စာသင်ကာလတိုးမြင့်ခြင်းကို ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုများ အရှိန်မြင့်လာပြီး အခြေခံပညာကျောင်းများတွင်ပါ စတင်ပြုလုပ်လျက်ရှိကြောင်း ဇန်နဝါရီ ၁၀ ရက်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီထံမှ စုံစမ်းသိရှိရသည်။
ခရမ်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာသင်ကာလ တိုးမြှင့်ခြင်းကို ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဇန်နဝါရီ ၁၀ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါလှုပ်ရှားမှုကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကံကောင်း(ဟောင်း)တွင် တာဝန်ကျနေသည့် ဆရာ ဆရာမများက ရင်ဘက်တွင် ဖဲကြိုးစိမ်းရင်ထိုးများ တပ်ဆင်ကာ လုပ်ငန်းခွင်မပြတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ထို့နောက် "အတန်းငယ်များအား မတ်လနောက်ဆုံးအပတ်တွင် စာမေးပွဲစစ်ဆေးခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။ မိဘ၊ ဆရာ၊ ကျောင်းသား သုံးဦး သုံးဖလှယ်လုံး သဘောတူညီမှုမရှိသည့် စာမေးပွဲကာလ နောက်ဆုတ်ခြင်း ရပ်" စသည့် တောင်းဆိုချက်များဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
"အတန်းငယ်တွေရဲ့ စာမေးပွဲတွေကို မတ်လနောက်ဆုံးအပတ်ကို ရွှေ့ပြီးစစ်မယ်ဆိုတဲ့ ညွှန်ကြားချက်ကို ကန့်ကွက်တဲ့အနေနဲ့ လှုပ်ရှားမှုပြုလုပ်ရတာပါ။ လက်ရှိ ကျွန်တော်တာဝန်ထမ်းဆောင်နေတဲ့ကျောင်းမှာ တာဝန်ကျတဲ့ ဆရာတွေ ဆရာမတွေကို ဖဲကြိုးစိမ်းရင်ထိုးထိုးပြီးတော့ လုပ်ငန်းခွင်မပြတ် ကျွန်တော်တို့ဆန္ဒကို ပြသတဲ့အနေနဲ့ လှုပ်ရှားမှုလုပ်ခဲ့ပါတယ်။ ဆရာ ဆရာမ အယောက် ၂၀ လောက် ပူးပေါင်းပါဝင်ကြပါတယ်။ ခရမ်းမြို့နယ် အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂအနေနဲ့ တစ်မြို့နယ်လုံးအတိုင်းအတအထိ ကျောင်းတိုင်းမှာ ဖဲကြိုးစိမ်းကမ်ပိန်းကို လုပ်ငန်းခွင်ထဲမှာလုပ်ဖို့ အစည်းအဝေးလုပ်ထားပါတယ်" ဟု ခရမ်းမြို့နယ်၊ အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ အတွင်းရေးမှူး၊ မူလတန်းပြ ကျောင်းဆရာတစ်ဦးဖြစ်သူ ကိုနောင်ချိုက ပြောကြားသည်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို ပညာရေးတက္ကသိုလ်၊ ကောလိပ်များတွင်သာမက အခြေခံပညာကျောင်းများတွင်ပါ အရှိန်အဟုန်မြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာရှိ အဖွဲ့အစည်းများ၊ သမဂ္ဂများနှင့် ညှိနှိုင်းတိုင်ပင်ပြီး အသစ်ပြန်လည် သတ်မှတ်သည့်အချိန်မှသာ ရပ်နားမည်ဖြစ်ပြီး တောင်းဆိုချက်များမရခင် လှုပ်ရှားမှုများကို နေ့စဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
