ဇန်နဝါရီလ ဒုတိယ ၁၀ ရက်ပတ်အတွင်းတွင် တစ်နိုင်ငံလုံးအနှံ့အပြား၌ မြူများ ထူထပ်စွာ ကျဆင်းနိုင်သည့် အခြေအနေများ ရှိနေပြီး ယင်းကြောင့် ရေကြောင်းနှင့် ကုန်းတွင်းပိုင်းတွင် ယာဉ်များသွားလာရာ၌ မြင် ကွင်းမရှင်းလင်းသည့် အခြေအနေများ ဖြစ် ပေါ်လာနိုင်သဖြင့် သတိပြုရန် လိုအပ်ကြောင်း မိုးဇလညွှန်ချုပ်က ပြောကြားထားသည်။
ဇန်နဝါရီလ ဒုတိယ ၁၀ ရက်ပတ်တွင် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ၆ရက်မှ ၈ ရက်ထိ မြူထူကျဆင်းနိုင်ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက် ပိုင်း၊ မကွေးတိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် ၃ ရက်မှ ၅ ရက်ထိ မြူထူကျဆင်းနိုင် သည့် အခြေအနေများ ရှိနေကြောင်း မိုးဇလ ညွှန်ချုပ်၏ ပြောကြားမှုအရ သိရသည်။
“မြူကတော့ နေပြည်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးတို့ မန္တလေးတိုင်း၊ ကချင် နောက်ပြီးတော့ ရှမ်း၊ ချင်း၊ ရခိုင် နောက်ပြီး တော့ ကယားပြည်နယ် မွန်ပြည်နယ်ပေ့ါနော်။ သူတို့က ၆ ရက်ကနေ ၈ ရက်လောက်မြူဆိုင်း နိုင်တယ်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း နောက် မကွေးတိုင်းဒေသကြီး ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ အဲဒီဒေသတွေမှာ ၃ ရက်ကနေ ၅ ရက်လောက် နံနက်ခင်းပိုင်း တွေမှာ မြူတွေဆိုင်းနိုင်တယ်ပေ့ါ” ဟု မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
ယင်းသို့ မြူထူကျဆင်းနိုင်ခြင်းကြောင့် ရေကြောင်းတွင် သဘောင်္များသွားလာခြင်း နှင့် ကုန်းတွင်းပိုင်းတွင် ယာဉ်များသွားလာရာ ၌ မြင်ကွင်းမရှင်းသည့် အခြေအနေများ ဖြစ် ပေါ်လာနိုင်ခြင်းကြောင့် သတိထားသွားလာ ရန် လိုအပ်နေကြောင်း သိရပြီး မြစ်များတွင် ရေများ ကျဆင်းနေခြင်းကြောင့်လည်း သင်္ဘော များသွားလာရာတွင် သတိပြုရန် လိုအပ်သည်ဟု ဒေါက်တာကျော်မိုးဦး၏ သတိပေးပြော ကြားမှုအရ သိရသည်။
ယင်းအပြင် ဇန်နဝါရီလ ဒုတိယ ၁၀ ရက်ပတ်အတွင်းတွင် အနောက်ဘက်မှ လာသည့် လေပွေလှိုင်းအားလျော့သွားခြင်းနှင့် တရုတ်ပြည်မှ လာသည့် လေဖိအားကြီးရပ် ဝန်း မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်တိုးဝင် လာခြင်းကြောင့် ယခင် ပထမ ၁၀ ရက်ပတ် ထက် အပူချိန်များ အနည်းငယ်ပြန်လည်ကျ ဆင်းလာနိုင်ကြောင်း သိရသည်။
“အပူချိန်အနေနဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမ ၁၀ ရက်ပတ်တုန်းကတော့ ဒီအနောက် ဘက်ကလာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန် ပေ့ါ။ ဒီလေပွေလှိုင်းတွေ အားကောင်းပြီး တော့ အလယ်ပိုင်းထိ ဆင်းလာတဲ့အတွက် ကြောင့်မိုလို့ အချိန်အခါမဟုတ် မိုးရွာလိုက် တယ်။ ရွာလိုက်တော့ အပူချိန်တွေတက်လာတယ်။ အခုကတော့ လေပွေလှိုင်းတွေက ပုံမှန်ဖြစ်သွားပြီပေါ့။ အဲဒီတုန်းကတော့ တရုတ်ပြည်ကလာတဲ့ လေဖိအားကြီးရပ်ဝန်းက အားနည်းနည်းလျော့သွားတယ်လေ။ အခုကတော့ အနောက်ဘက်ကလာတဲ့ လေပွေလှိုင်းက အားနည်းနည်း လျော့သွားတော့ လေဖိအားကြီးရပ်ဝန်းက မြန်မာနိုင်ငံကို ပြန်ပြီးတော့ တိုးဝင်လာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမ ၁၀ ရက်ပတ်ထက်တော့ အပူချိန်တွေ နည်းနည်းကျလာနိုင်ပါတယ်”ဟု ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
