AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ် နိုင်၏ ညီမဖြစ်သူ မယမင်းမြတ်နှင့် ယောက် ဖဖြစ်သူ ကိုကျော်နိုင်တို့၏အမှု ရှေ့နေပါ၀ါ တင်ခဲ့ပြီး အမှုကို မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (CMP ) ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသတင်း ပြန်ကြားရေးအရာရှိက ဇန်နဝါရီ ၁၀ ရက် တွင် ပြောကြားသည်။
မယမင်းမြတ်နှင့် ကိုကျော်နိုင်တို့အမှု ရှေ့နေပါ၀ါတင်ခြင်းကို ဇန်နဝါရီ ၇ ရက်ရုံး ချိန်းတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှုကို ဇန်နဝါရီ ၁၅ ရက်သို့ ပြန်လည်ချိန်းဆိုထား ကြောင်း သိရသည်။
“ကိုကျော်နိုင်ပါနှစ်ဦးအပေါ် တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီးတော့ ၇ ရက် နေ့ရုံးချိန်းမှာ စွပ်စွဲခံရသူများဘက်က လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေများက ကိုယ်စားလှယ်လွှဲစာများ တင်ထားပြီး ဖြစ်ပါတယ်။ ဒီ အမှုကလည်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ ဆောင်ရွက်မှာဖြစ်တဲ့အတွက်ကြောင့် ဇန်နဝါရီ ၁၅ ရက်နေ့သို့ ပြန်ချိန်းဆိုထားတယ်” ဟု ဒုတိယခရိုင်တရားသူကြီး(၅)၊ တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးဇော်ဇော် ထွန်းက ပြောကြားသည်။
အဆိုပါအမှုကို မူလက မရမ်းကုန်းမြို့ နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး အမှု၏တရားလိုဖြစ်သူ ဒုရဲမှူးမင်းခိုင်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ ရုံး ပြောင်းစစ်ဆေးပေးရန် လျှောက်ထားမှုကို လက်ခံကြောင်း တရားရုံးက ၂၀၁၉ ခုနှစ် ဒီ ဇင်ဘာ ၁၈ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဖြင့် တရားစွဲခံထားရသည့် ကိုကျော်နိုင်နှင့် မယမင်းမြတ်တို့အမှုကို အနောက်ပိုင်းခရိုင် တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ် ၁၂၇/ ၂၀၁၉ ဖြင့် လက်ခံစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော်နိုင်နှင့် မယမင်းမြတ်တို့၏ အမှုတွင်ပါဝင်သော တရားလိုပြသက်သေ အချို့မှာ ကိုအောင်မြတ်ကျော်တို့အမှုတွဲ တွင်ပါဝင်နေပြီး လုံခြုံရေးအရ ပိုမိုစိတ်ချရန် အတွက် ရုံးပြောင်းလျှောက်ထားရခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အောက်တိုဘာ ၁၉ ရက်တွင် ရောက်ရှိလာသော AA အဖွဲ့ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ယောက်ဖ လမ်းမတော်မြို့နယ်တွင် နေထိုင် သော ကိုကျော်နိုင်(၄၁)နှစ်သည် မန္တလေး တိုင်းဒေသကြီး ချမ်းမြေ့သာစည်မြို့နယ် အမှတ်(၁၁)ရဲစခန်း (ပ)၅၃၄/၂၀၁၉ အ ကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (စျ) / ၅၁(ဂ)အမှုမှ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် AA အဖွဲ့ဝင်မောင်မောင်စိုးနှင့် ဆက်သွယ်၍ သြဂုတ် ၂၈ ရက်တွင် ထိုင်းနိုင်ငံမှ တဆင့် လာအိုနိုင်ငံသို့ သွားရောက်ခဲ့ ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။
မရမ်းကုန်းမြို့မရဲစခန်း၌ ဒုတိယရဲမှူး မင်းခိုင်က အောက်တိုဘာ ၂၀ ရက်တွင် အဆိုပါ တိုင်ကြားစာဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
လာအိုနိုင်ငံသို့ ရောက်ရှိတည်းခိုနေ ထိုင်စဉ်အတွင်း မောင်မောင်စိုးအတွက် ကုန်ကျစရိတ်ငွေများအား ကိုကျော်နိုင်မှ စိုက်ထုတ်ပေးခဲ့ကာ သြဂုတ် ၃၀ ရက်တွင် မောင်မောင်စိုးနှင့်အတူ ထိုင်းနိုင်ငံသို့ ပြန် ဝင်လာခဲ့ကြောင်း၊ လာအိုနိုင်ငံသို့ သွား ရောက်စဉ် လိုက်ပါကူညီပေးသည့်အတွက် မောင်မောင်စိုးအား ဘတ်ငွေနှစ်ထောင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် AA အဖွဲ့ဝင်တစ်ဦးဖြစ် သည့် အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူနှင့် ဆက်သွယ်ခဲ့ပြီး ငွေကြေးထောက်ပံ့မှုများပြု လုပ်ခဲ့သည့် ကိုကျော်နိုင်နှင့် အပေါင်းအပါ များအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပ ဒေ ပုဒ်မ ၅၂ (က)၊ (ခ)၊ (ဂ) ဖြင့် အရေးယူပေး ရန်တိုင်ကြားခဲ့ပြီး မရမ်းကုန်း မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၂(က)ဖြင့် စတင်တရားစွဲဆိုခဲ့ ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
