လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ နိုင်ငံ ရေးပါတီ များလာခြင်းကြောင့် အချို့သော ပါတီများက သတင်းသမားများအပေါ် လာဘ်ပေးလာဘ်ယူကိစ္စများ ပါလာမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၀ ရက်က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီခန်းမ၌ လစဉ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ များလာခြင်းကြောင့် မြန်မာနိုင်ငံ အတွက် အင်မတန်အရေးကြီးသည့်ရွေး ကောက်ပွဲဖြစ်ပြီး မိမိသိသည့်ပါတီပင်လျှင် ၉၈ ပါတီရှိကာ အခြားမှတ်ပုံတင်ထားသော ပါတီများလည်းရှိကြောင်း၊ ထိုသို့ရွေးကောက်ပွဲဝင်မည့်ပါတီအဖွဲ့အစည်းများလာသည့် အတွက် ပြဿနာများလည်း မျိုးစုံပေါ်လာ မည်ဖြစ်ကာ သတင်းမီဒီယာသမားများသည် သတင်းများကို တိတိကျကျ မှန်မှန်ကန်ကန် နှင့် ပြည်သူကို အသိပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌဟံသာဝတီဦး အုနး်ကြိုင်က ပြောကြားသည်။
“သတင်းတွေကို ဘယ်လိုတိတိကျကျ ရေးမယ်။ မှန်မှန်ကန်ကန်ရေးမယ်။ ပြည်သူ ကို သတင်းအတိအကျပို့မယ်။ အဲဒါအတွက် ကို ရည်ရွယ်တယ်။ ဒါမှလည်းပဲ သတင်းမီဒီယာကျင့်ဝတ်ကို ထိန်းသိမ်းရာ ရောက်မယ်။ နို့မို့ဆိုရင် နိုင်ငံရေးပါတီတွေ များလာတော့ အချို့သောပါတီတွေက သတင်းမီဒီယာ သမားတွေအပေါ် လာဘ်ပေးလာဘ်ယူကိစ္စ တွေပါလာမယ်။ ဘက်လိုက်ရေးသားမှုတွေ ကြိုးစားကြမယ်။ အဲဒီလိုအရာတွေဟာ ရှေး ရွေးကောက်ပွဲတွေမှာလည်း ကြုံခဲ့ဖူးတယ်။ အဲဒါမျိုးတွေမဖြစ်ပေါ်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး စည်းကမ်းတကျ မီဒီယာဥပ ဒေရဲ့ ကျင့်ဝတ်စည်းကမ်းတွေအတိုင်း သတင်းထောက်တွေအားလုံး လိုက်နာနိုင်အောင်ကြိုးစားမယ်”ဟု မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်း ကြိုင်က ပြောကြားသည်။
ထို့နောက် ရွေးကောက်ပွဲတွင် သတင်း ထောက်များအနေဖြင့် မီဒီယာကျင့်ဝတ်များ လိုက်နာအောင် သတင်းမီဒီယာသင်တန်း များပို့ချမည်ဖြစ်ကြောင်း၊ စစ်တွေတွင်လည်း သတင်းမီဒီယာသင်တန်းပို့ချခဲ့ပြီး အောင်မြင် ခဲ့ကြောင်း၊ ထိုသို့ စစ်တွေတွင် သင်တန်းပို့ချ လိုက်သည့်အတွက် အခြားမြို့နယ်များမှ လည်း လာရောက်သင်တန်းပို့ချပေးရန် တောင်းဆိုလာကြကြောင်း မြန်မာသတင်းမီဒီ ယာကောင်စီဥက္ကဋ္ဌဟံသာဝတီဦးအုန်းကြိုင် က ဆက်လက်ပြောကြားသည်။
“ဒီရွေးကောက်ပွဲ မှန်မှန်ကန်ကန်ဖြစ်မှ ကျွန်တော်တို့တိုင်းပြည်လည်း မှန်ကန်လာမယ်။ ကျွန်တော်တို့တိုင်းပြည်က သွားနေတာ ဒီမိုကရေစီလေ။ အခုသွားနေတဲ့အစိုးရ ရဲ့ဦးတည်ချက်က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ဦးတည်ပြီး ကြိုးစားနေတာ။ တပ်မတော်ခေါင်းဆောင်တွေအပါအဝင် အဖွဲ့အစည်းအသီးသီးက လည်း ဒါကိုဦးတည်ပြီးသွားနေတာ” ဟု ဟံသာဝတီဦးအုန်းကြိုင်က ဆိုသည်။
သို့သော် လာဘ်ပေးလာဘ်ယူကိစ္စများ ပေါ်လာလျှင် သတင်းမီဒီယာသမားများ သည် မိမိတို့ကိုင်တွယ်ထားသည့် ဦးတည်ချက်၊ ယုံကြည်ချက်များဖြင့် သွားရမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲကိုလည်း တရားမျှတ သန့်ရှင်းလွတ်လပ်သည့် တိကျမှန်ကန်သော၊ အများလက်ခံနိုင်သော၊ ရွေးကောက်ပွဲဖြစ်အောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်အတူ အောင်မြင်အောင် ၀ိုင်းဝန်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
