Top News

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံ BRI စီမံကိန်း၏ အစိတ်အပိုင်းအဖြစ် မြစ်ကြီးနားစီးပွားရေးဇုန်နှင့် ကန်ပိုက်တီးနယ်စပ်ဖွံ့ဖြိုးတိုးတက်ရေးဇုန်များ တည်ထောင်ရန်စီစဉ်ထား
24htopnews | October 20, 2024 10:12 PM CST

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံ BPI (Belt and Road Initiative) စီမံကိန်း ၏ အစိတ်အပိုင်းအဖြစ် မြစ်ကြီးနား စီးပွားရေးဇုန်နှင့် ကန်ပိုက်တီး နယ်စပ်ဖွံ့ဖြိုးတိုးတက်ရေးဇုန်များ တည်ထောင်ရန်စီစဉ်ထားကြောင်း  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

မြစ်ကြီးနားဒေသအား  စီးပွားရေးဖွံ့ဖြိုး ရေးဇုန်အဖြစ် တည်ဆောက်မည်ဖြစ်ပြီး ဇုန်အတွင်း လယ်ယာစိုက်ပျိုးမွေးမြူရေးအပိုင်း ကို အဓိကထား၍ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ် လုပ်ခြင်း၊ ခရီးသွား ကုန်စည်သယ်ယူပို့ ဆောင်ခြင်းများပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်း မြင့်သည် မြစ်ကြီးနားမြို့ ဟိုတယ်နန်းသီတာရှိ အစည်းအဝေးခန်းမ၌ မြစ်ကြီးနားမြို့ စီးပွား ရေးဖွံ့ဖြိုးမှုဇုန် တည်ဆောက်ရေးနှင့် ကန်ပိုက်တီး နယ်စပ်ဖွံ့ဖြိုးတိုးတက်ရေးဇုန် တည်ဆောက်ရေး၊ စီမံကိန်းဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် စီမံကိန်းဆိုင်ရာကိစ္စများ ရှင်းလင်းတင်ပြသည့် တွေ့ဆုံပွဲသို့ တက်ရောက်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ်နှစ်နိုင်ငံသည် တောတောင်ရေမြေချင်းထိစပ်လျက်ရှိပြီး ကုန်စည် ကူးသန်းရောင်းဝယ်မှု အများဆုံးပြုလုပ်လျက်ရှိကြောင်း၊ ကန်ပိုက်တီးနယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းဖြင့်   ကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာကာ ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်သည် သယံဇာတကြွယ်ဝပြီး  မြေလွတ်မြေရိုင်း ပေါများမှုရှိခြင်းကြောင့်  တစ်ဖက်နိုင်ငံမှ  ငွေကြေးအရင်းအနှီးနှင့်  နည်းပညာများကို ရင်းနှီးမြှုပ်နှံရန်  ဖိတ်ခေါ်ပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

စီးပွားရေးဇုန်များ  တည်ဆောက်မည့် ပြည်ပကုမ္ပဏီများအနေဖြင့်  နိုင်ငံတော်က ချမှတ်ထားသည့်  ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ  ဆောင်ရွက်နိုင်ကြောင်း၊  ဥပဒေ၏အကာအကွယ်အပြည့် အဝ ရရှိမည်ဖြစ်ကြောင်း၊  ကချင်ပြည်နယ်၏  ကြွယ်ဝသည့် မြေအရင်းအမြစ်၊ ကောင်းမွန်သော ရာသီဥတုအခြေအနေနှင့်  အလားအလာကောင်းသည့်စျေးကွက်စီးပွားရေး အခြေအနေတို့ကို  မြစ်ကြီးနားဒေသအား စီးပွားရေး ဖွံ့ဖြိုးရေးဇုန်အဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီးပွားရေးဇုန်အတွင်း စက်မှု ထုတ်ကုန်ကဏ္ဍကို လယ်ယာစိုက်ပျိုးမွေးမြူ ရေးအပိုင်းအဓိကထား၍  တန်ဖိုးမြှင့် အချော ကိုင်လုပ်ငန်းများဖြစ်သော စက်မှုကုန်ထုတ်လုပ်ခြင်း၊   လယ်ယာထွက်ကုန်ထုတ်လုပ်ခြင်း၊    ခေတ်မီ ဆောက်လုပ်ရေးပစ္စည်းများ အသေးစားစက်မှုကုန်ထုတ်လုပ်ခြင်း၊ ခရီးသွားကုန် စည်သယ်ယူပို့ဆောင်ခြင်းများ ပါဝင်ခြင်းကြောင့် ဒေသနှစ်ခု၏  စျေးကွက်အရင်းအမြစ် များကို အကျိုးရှိစွာ ပေါင်းစပ်နိုင်မည်ဖြစ် ကြောင်း၊ ဒေသတွင်း ပြည်သူများ၏  အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး စီးပွား ရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြေ ကြားခဲ့သည်။

မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်း သည် မြစ်ကြီးနားမြို့နယ်၊ နန်ကျင်ကျေးရွာ အုပ်စု၊ ပလနကျေးရွာအုပ်စုများတွင် တည်ရှိပြီး ဧကပေါင်း ၄၇၅၁ ဧကကျော်ရှိကြောင်း၊ ခန့်မှန်းကုန်ကျတန်ဖိုး ဒေါ်လာ ၂၇၃ ဒသမ  ၄၄ သန်း (ကျပ် ၃၇၂ ဘီလျံ) ခန့် ကုန်ကျနိုင်သည်ဟုခန့်မှန်းထားကြောင်း၊ စီမံကိန်းကို တရုတ်နိုင်ငံဘက်မှ ဟိန်ယုံရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်နှင့် ကချင်ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးပြည်သူ့ကုမ္ပဏီလီမိတက် တို့ ပူးပေါင်း၍ စုပေါင်းရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီ ( Joint Venture Company ) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း သိရသည်။  


READ NEXT
Cancel OK