ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (ရန်ကုန်) က ကြီးမှူးကျင်းပသော တတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာပြပွဲ ၂၀၂၀ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီတွင် ရန် ကုန်မြို့ရှိ Lotte Hotel ၌ ပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင် “မြန်မာနိုင်ငံဟာ ကျောက်မျက်ရတနာထွက်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကျောက်စိမ်းနဲ့ ပတ်သက်ရင်လည်း ဖားကန့် ဒေသမှာ ကျောက်စိမ်းများစွာ ထွက်ပါတယ်။ နောက် ပတ္တမြားဆိုရင်လည်း တစ်ကမ္ဘာလုံး က သိနေတဲ့ မိုးကုတ်ပတ္တမြားဟာ နာမည်ကြီး တဲ့ ပစ္စည်းဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ သယံဇတပစ္စည်းတွေ၊ အခြားသော ကျောက်မျက်ရတနာတွေလည်း ထွက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ သယံဇာတပစ္စည်းပေါကြွယ်ဝသော နိုင်ငံအဖြစ် အသိအမှတ်ပြုထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံတွင်း မှာ ကျောက်မျက်ရတနာတွေ ထွက်ပေမဲ့ စျေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် မြန်မာနိုင်ငံထဲ မှာ တည်ဆောက်နိုင်ဖို့ အားနည်းနေခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက်ပြီး ပိုမိုကျယ်ပြန့်တဲ့ စျေးကွက် တစ်ခုတည်ဆောက်နိုင်ဖို့အတွက် ကြိုးစားရ မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ရန်ကုန်စျေးကွက်ကြီးကို ထူထောင်နိုင်ဖို့ အတွက် နှစ်စဉ်နှစ်တိုင်း ကျင်းပဆောင်ရွက်တဲ့ ကျောက်မျက်ရတနာပြပွဲတွေမှာ ကျွန်တော်တို့အနေနဲ့ တောက်လျှောက် တွန်း အားပေးပါတယ်။ နိုင်ငံတကာက သူတွေလည်းလာနိုင်အောင်၊ နိုင်ငံတကာက ဝယ်ယူသူတွေလည်း မြန်မာနိုင်ငံမှာ လာဝယ်နိုင် တဲ့ စျေးကွက်တစ်ခုဖြစ်နိုင်အောင်၊ နိုင်ငံတကာကနေပြီးတော့ မြန်မာနိုင်ငံမှာလည်း လာရောက်ရောင်းချနိုင်အောင် ကျွန်တော်တို့ တိုင်းဒေသကြီးဘက်ကနေ တွန်းအားပေး ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဒီအခြေအနေတွေ တကယ်ဖြစ်မြောက်နိုင်ဖို့အတွက် အခွင့်အလမ်းတွေဖန်တီးပေးဖို့၊ ဒီကို ကျောက်မျက် ရတနာပစ္စည်းတွေ သွင်းလာနိုင်ဖို့၊ ဝယ်ယူ သွားတဲ့ပစ္စည်းတွေ ပြန်ထုတ်နိုင်ဖို့ဆိုတဲ့ ကဏ္ဍတွေဟာ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးဘက်ကနေ စနစ်တကျ စီမံဆောင် ရွက်ပေးနိုင်မှသာလျှင် ဒီပွဲဟာ အောင်မြင်နိုင်မှာဖြစ်ပါတယ်”ဟု ပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက အမှာစကား ပြောကြားပြီး ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးသိန်းဝင်း ဇော်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Sealed-Bid Auction ပြခန်းများနှင့် အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုခဲ့ကြ သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင် မြင့်၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးမင်းမင်းဦး၊ သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ အတွင်းရေးမှူးဦးအေးနိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သတ္တုတွင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ စျေးကွက် ရာနှုန်းပြည့်ဖြစ်ထွန်းပြီး တိုးတက်စေရန်ရည်ရွယ်၍ ကျင်းပသည့် တတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက် ရတနာအချောထည်နှင့် လက်ဝတ်ရတနာ ပြပွဲတွင် ဆိုင်ခန်းပေါင်း ၁၂၀ ကျော် ပါဝင် ရောင်းချမည်ဖြစ်ကြောင်း၊ ထို့ပြင် မျက်မြင် စနစ်ဖြင့် စျေးညှိနှိုင်း၍ တိုက်ရိုက်ရောင်းဝယ်နိုင်သောစနစ်နှင့် လေလံစနစ်တို့ဖြင့်လည်း ထည့်သွင်းရောင်းချမည်ဖြစ်ကြောင်း၊ ယင်းပြပွဲကို ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
