တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိ သော တောရိုင်းတိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ခြင်း သင်တန်းကို မြို့ကြီးငါးမြို့တွင် ပို့ချပေးနေကြောင်း သိရသည်။
ကလေး၊ ဟားခါး၊ ထားဝယ်၊ ဘားအံနှင့် မုံရွာအစရှိသည့် မြို့ကြီးငါးမြို့တွင် သင်တန်း ပို့ချပေးမည်ဖြစ်ပြီး ကလေးမြို့နှင့် ထားဝယ် မြို့တွင် သင်တန်းပို့ချပေးခဲ့ပြီးဖြစ်ကာ ကျန် သုံးမြို့တွင်လည်း ဆက်လက်ပို့ချပေးသွား မည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီး ရမိသော တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် အရေးပေါ်ရှေးဦး သူနာပြုစုနည်းများကို သိရှိစေရန် သင်တန်းပို့ချပေးရခြင်းဖြစ်ကြောင်း သားငှက်ထိန်း သိမ်းရေးအဖွဲ့ ( မြန်မာနိုင်ငံအစီအစဉ်) မှ ဦးစွမ်းထက်နိုင်၏ ပြောကြားချက်အရ သိရသည်။
“တောရိုင်းတိရစ္ဆာန် ရောင်းဝယ်သယ်ဆောင်သူတွေ အသုံးပြုလေ့ရှိတဲ့ နည်းလမ်း တွေကို သရုပ်ပြရှင်းလင်းတာ၊ ဖမ်းဆီးရမိတဲ့ တောရိုင်းတိရစ္ဆာန်သတ္တဝါတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ နည်းလမ်းတွေနဲ့ အရေးပေါ် ရှေးဦးသူနာပြုစုနည်းတွေကို စာတွေ့ရော လက်တွေ့ရော သရုပ်ပြပေးတယ်။ သင်တန်း ဆွေးနွေးပို့ချမှုတွေကို ပိုမိုထိရောက်ဖို့အတွက်လည်း တောရိုင်းတိရစ္ဆာန်များ မျိုးစိတ်ခွဲခြားခြင်းဆိုင်ရာ လက်စွဲစာအုပ်တွေနဲ့ ဖမ်းဆီးရမိတဲ့ တောရိုင်းတိရစ္ဆာန် တွေကိုထိန်းသိမ်းစောင့်ရှောက်တဲ့နည်းလမ်း တွေကို စာအုပ်ရိုက်နှိပ်ပြီး သင်တန်းသားများနှင့် ဆက်စပ်ပတ်သက်သူများကို ဖြန့်ချိ ပေးသွားမယ်။ နောက်ပြီး ဖမ်းဆီးရမိတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ယာယီထိန်းသိမ်းဖို့ လှောင်အိမ်နဲ့ လှောင်ခြံတွေကိုလည်း ဆက်စပ်ဌာနဆိုင်ရာများနှင့်ညှိနှိုင်းဆွေးနွေး ပြီး ပံ့ပိုးပေးသွားဖို့လည်း ရှိပါတယ်”ဟု ဦးစွမ်း ထက်နိုင်က ပြောကြားသည်။
အဆိုပါ သင်တန်းကို သစ်တောဦးစီး ဌာန၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာ နိုင်ငံအစီအစဉ်) နှင့် လိပ်မျိုးဆက်ရှင်သန် ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး သစ်တောဦးစီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အရပ်ဘက် လူမှုအဖွဲ့ အစည်းတို့မှ တက်ရောက်ခဲ့ကြကာ ယခင်နှစ် က မြန်မာနိုင်ငံနယ်စပ်မြို့ကြီး ခြောက်မြို့တွင် ပို့ချပေးခဲ့ပြီး နောင်နှစ်တွင်လည်း မြို့ကြီး ငါး မြို့တွင် ဆက်လက်ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
