Top News

ရန်ကုန်မြို့မှ အနောက်တောင်ပိုင်း၊ ဖျာပုံအနောက်တောင် အက်ဒမန် ပင်လယ်ကြမ်းပြင်အောက် မဂ္ဂနီကျု (၄.၂) အဆင့် မြေငလျင်ငယ်တစ်ခု လှုပ်ရှား
24htopnews | October 20, 2024 10:13 PM CST

ယနေ့ အောက်တိုဘာ (၂၀)ရက် ညနေ (၅)နာရီ၊ မိနစ် (၂၀)အချိန်က မြန်မာနိုင်ငံ ပြည်တွင်း ရန်ကုန်မြို့မှ အနောက်တောင်ပိုင်း၊ ဖျာပုံအနောက်တောင် အက်ဒမန် ပင်လယ်ကြမ်းပြင်အောက်တွင် မဂ္ဂနီကျု (၄.၂) အဆင့် မြေငလျင်ငယ်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း မြေငလျင်သတင်းများစင်တာ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ တောင်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှအနောက်တောင်ဘက်မြန်မာ့ကမ်းရိုးတန်းအလွန် အက်ဒမန်ပင်လယ် အက်ဒမန်ကျွန်းအနီး၊ ရန်ကုန်မြို့မှ အနောက်တောင်ပိုင်း (၂၅၀) မိုင်ကျော်၊ ဖျာပုံအနောက်တောင် (၂၀၃) မိုင်ခန့်ဝေးသည့် အက်ဒမန်ပင်လယ်ကြမ်းပြင်အောက်အနက် (၆) မိုင်ကျော်မှ မဂ္ဂနီကျု (၄.၂) အဆင့် မြေငလျင်ငယ် ထပ်မံလှုပ်ရှားသွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပြည်တွင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း ငလျင်ငယ်လှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သေးကြောင်း သိရသည်။

မြေငလျင်လှုပ်ရှားနိုင်ခြေ စိုးရိမ်အမှတ် မြင့်တက်လာသောကြောင့် ကမ္ဘာ့အရှေ့ခြမ်းမြေငလျင် ရပ်ဝန်းနိုင်ငံများဖြစ်သော ဂျပန်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ နီပေါနိုင်ငံများ သတိပြုနေထိုင်ရန် မြေငလျင်သတင်းများစင်တာမှ အောက်တိုဘာ (၁၉)ရက် ညပိုင်း အချိန်က ထုတ်ပြန်အသိပေးထားသည်။


READ NEXT
Cancel OK