စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီ၌ ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ မုန်ညှင်း၊ နေကြာနှင့် ပန်းနှမ်းစသည့် သီးနှံမျိုးစုံ (၂၀၁၁၄၉) ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း ဒေသခံတောင်သူများ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆီထွက်သီးနှံမျိုးစုံ အထွက်ကောင်း မျိုးကောင်း၊ မျိုးသန့်များ သုံးစွဲရေးနှင့် စိုက်စနစ်မှန်ကန်ရေး၊ ဒေသထွက် မြေဩဇာ အချိုးကျသုံးစွဲနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ဆီထွက်သီးနှံများ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများ အရည်အသွေးကောင်းရရှိရေး၊ နောက်ဆုံးပေါ် နည်းပညာများ ရယူသုံးစွဲနိုင်ရေးနှင့် ဈေးကွက်ဝင်ဆီထွက်သီးနှံများကို စိုက်ပျိုးကြရန် စည်းရုံးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံများ လျာထားစိုက်ပျိုးမှုအနေဖြင့် မြေပဲ (၉၅ ၂၆၈) ဧက၊ နှမ်း (၉၆၇၁၆) ဧက၊ မုန်ညှင်း (၅၆၃) ဧက၊ နေကြာ (၃၀၄၄) ဧကနှင့် ပန်းနှမ်း (၅၅၅၈) ဧက စုစုပေါင်း (၂၀ ၁၁၄၉) ဧကစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြို့နယ်အတွင်းသာမက ပြည်တွင်းစားသုံးဆီဖူလုံရေး သက်ဆိုင်ရာမိတ်ဖက်ဌာနများ၊ ဒေသခံ တောင်သူများနှင့် ပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။q
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
