အိုလံပစ်ရွှေတံဆိပ် ခြောက်ခုရရှိထားသည့် ဗြိတိန်စက်ဘီးသမားဟောင်း ခရစ္စဟွိုင်က ကင်ဆာနောက်ဆုံးအဆင့် ခံစားနေရပြီး နှစ်နှစ်မှ လေးနှစ်အထိသာ အသက်ရှင်ခွင့် ရတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အသက် ၄၈ နှစ်ရှိပြီဖြစ်ပြီး ဆာဘွဲ့နှင့် MBE ဘွဲ့ ချီးမြှင့်ခံထားရသူ ခရစ္စဟွိုင်က ကင်ဆာကုသမှုခံယူနေရကြောင်း ဖေဖော်ဝါရီလအတွင်း ပထမဆုံးအကြိမ် ထုတ်ဖော်ကြေညာခဲ့သည်။ ထို့နောက် ဗြိတိန်ထုတ် The Sunday Times သတင်းစာနှင့်ပြုလုပ် သည့် အင်တာဗျူးအစီအစဉ်တွင် ၎င်းက ကင်ဆာနောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု သိရှိထားသည်မှာ တစ်နှစ်ရှိပြီဖြစ်ကြောင်း၊ နှစ်နှစ်မှ လေးနှစ်အထိသာ အသက်ရှင်ခွင့်ရတော့မည်ဟု ဆရာဝန်များက အသိပေးထားကြောင်း ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။
"သဘာဝမကျသလို ခံစားရတာကိုက သဘာဝပါပဲ။ ကျွန်တော်တို့အားလုံးက မွေးဖွားပြီးတော့ သေဆုံးကြရမယ်ဆိုတာ ခင်ဗျား သိပါတယ်။ ဒါက လုပ်ငန်းစဉ်တစ်ခုရဲ့ အစိတ်အပိုင်းပါပဲ။ ဒီဝေဒနာကို တတ်နိုင်သမျှ ထိန်းထားပေးနိုင်မယ့် ဆေးရှိနေတာက ကံကောင်းတာမဟုတ်လားလို့ ကိုယ့်ကိုယ်ကိုသတိပေးပေးဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ခရစ္စဟွိုင်သည် အစောပိုင်းတွင် မည်သည့်ကင်ဆာအမျိုးအစား ခံစားနေရကြောင်း ပြောကြားခြင်းမရှိသော်လည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် ပခုံးနာကျင်မှုကြောင့် ဆရာဝန်ပြသရာမှ အကျိတ်ရှိနေကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။ ထပ်မံစစ်ဆေးရာမှ အဓိက ကင်ဆာမှာ ဆီးကျိတ်ဖြစ်ပြီး ယင်းမှတစ်ဆင့် ပခုံး၊ တင်ပါးဆုံရိုး၊ တင်ပါးဆုံ၊ ကျောရိုးနှင့် နံရိုး စသည့်နေရာများသို့ ပြန့်ပွားသွားခြင်းဖြစ်ရာ အဆင့် ၄ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ခရစ္စဟွိုင်သည် အိုလံပစ်ရွှေတံဆိပ် ခြောက်ခုနှင့် ငွေတံဆိပ်တစ်ခုရရှိထားသူဖြစ်ပြီး ဗြိတိန်အိုလံပစ်ကစားသမားများ အနက် ဒုတိယဆုတံဆိပ်အများဆုံးအဖြစ် ရပ်တည်နေသူဖြစ်သည်။ ၎င်းသည် ၂၀၀၀ ဆစ်ဒနီအိုလံပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု၊ ၂၀၀၄ အေသင်အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ၂၀၀၈ ပေကျင်းအိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်သုံးခု၊ ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲ တွင် ရွှေတံဆိပ်နှစ်ခု ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ခရစ္စဟွိုင်သည် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ်ရှစ်ခု၊ ကြေးတံဆိပ်ခြောက်ခု၊ ဓနသဟာယနိုင်ငံများ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု၊ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု ရရှိထားသည်။
ခရစ္စဟွိုင်အနေဖြင့် ၂၀၁၂ မှ ၂၀၂၁ ခုနှစ်အထိ ဗြိတိန်အိုလံပစ်သမားများနှင့် အိုလံပစ် စက်ဘီးသမားများအနက် အအောင်မြင်ဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ဗြိတိန်စက်ဘီးသမား ဂျေဆန်ကန်နီက ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲအပြီးတွင် စုစုပေါင်း ရွှေတံဆိပ်ခုနစ်ခု၊ ငွေတံဆိပ်နှစ်ခုဖြင့် ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
