မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက နေ့စဉ်လုပ်ကိုင်ရသည့် မန်နေဂျာအလုပ်ကို ချစ်မြတ်နိုးနေဆဲဖြစ်ပြီး ယင်းခံစားချက်မရှိတော့ပါက ဘောလုံးလောကမှ အနားယူမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဂွါဒီယိုလာ၏ စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်သို့ရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၅ ခုနှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သည်။ လီဗာပူးလ်အသင်းနည်းပြဟောင်း ယာဂန်ကလော့ပ်မှာ ရက်ဘူးလ်အုပ်စု၏ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအရာရှိအဖြစ် ခန့်အပ်ခံရ သောကြောင့် ဂွါဒီယိုလာကိုလည်း ယင်းကဲ့သို့ ပြောင်းလဲဆောင်ရွက်ဖွယ်ရှိမရှိ မေးမြန်းရာ ၎င်းက ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်က မြက်ခင်းစိမ်းတွေကို သဘောကျပါတယ်။ လည်စည်းတပ်ပြီးနေရတဲ့သူမျိုးဖြစ်ရတာကို မကြိုက်ပါဘူး။ အဲဒီလိုဆိုရင် ကျွန်တော့်မန်နေဂျာကို တော်တော်ဝေဖန်ဖြစ်မှာပါ။ ကျွန်တော် မလုပ်နိုင်ပါဘူး။ ကျွန်တော့်အလုပ်ကို သဘောကျတယ်လို့ အကြိမ်ကြိမ်ပြောဖူးပါတယ်။ ဆုဖလားတွေ အကြောင်းပြောရရင် ဒီကိုရောက်လာချိန်မှာ အခုလိုဖြစ်မယ်လို့ လုံးဝမမျှော်လင့်ထားပါဘူး။ တီကီ (ဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်း) ကိုယ်စား ပြောတာမဟုတ်ပေမဲ့ ကျွန်တော်နဲ့ တီကီက ဒီကိုရောက်လာတဲ့အချိန်မှာ အခုလိုမျိုး လုံးဝမမျှော်လင့်ထားပါဘူး။ မနက်လင်းရင် အလုပ်လာရတာကို ကျွန်တော် သဘောကျနေတုန်းပဲ။ လေ့ကျင့်ပြင်ဆင်မှု လုပ်ရမှာတွေ၊ ကျွန်တော်မြင်ရတဲ့ ဓာတ်ပုံတွေအကြောင်း ကစားသမားတွေကို ပြောရမှာတွေ တွေးနေတယ်။ အဲဒါကို သဘောကျနေတုန်းပါပဲ။ ဒါက ကျွန်တော် မန်နေဂျာတစ်ယောက်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းပါ။ အဲဒီလိုမခံစားရတော့ဘူးဆိုရင် မန်စီးတီးမှ မဟုတ်ဘဲ မန်နေဂျာတစ်ယောက် ဖြစ်နေတော့မှာမဟုတ်ဘူး။ လေ့ကျင့်မှုလည်း လုပ်ဖြစ်မှာမဟုတ်ဘူး။ အဲဒါ သေချာပါတယ်" ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ထို့ပြင် ပရီးမီးယားလိဂ်ချန်ပီယံဆု ၁၃ ကြိမ်ရရှိထားသည့် ဆာအဲလက်စ်ဖာဂူဆန်၏ မှတ်တမ်းနှင့်ပတ်သက်၍ ၎င်းက "ကမ္ဘာတစ်ဝန်းလုံးနဲ့ ဒီနိုင်ငံမှာ ဆာအဲလက်စ်ဖာဂူဆန် က အတော်ဆုံးပါ။ သမိုင်းတစ်လျှောက် အရေးပါဆုံး မန်နေဂျာတစ်ယောက်ရဲ့မှတ် တမ်းအနီးမှာ ရှိနေဖို့ဆိုတာ လုံလောက်တာထက် ပိုပါတယ်။ အဲဒါက ကျွန်တော့်အတွက်၊ ဝန်ထမ်းတွေအားလုံးအတွက်၊ လက်ထောက်တွေအားလုံးနဲ့ ကျွန်တော့်ရဲ့ကစားသမားတွေ အားလုံးအတွက် မယုံနိုင်လောက်တဲ့ ဂုဏ်ယူစရာပါပဲ။ ကျွန်တော့်မှာရှိတဲ့ ကစားသမားတွေ၊ လက်ထောက်မန်နေဂျာတွေ၊ လက်ထောက်နည်းပြတွေကြောင့် ကျွန်တော်က အကောင်းဆုံးမန်နေဂျာတစ်ယောက်ဖြစ်တာလို့ ပြောလာတဲ့အချိန်မှာ ကျွန်တော်တို့မှာရှိတာတွေက အများကြီးပါပဲ။ သူတို့အားလုံးက ငါတို့ကောင်းတယ်ဆိုတဲ့ ခံစားချက်ကို ဖန်တီးထားတာပါ။ အဲဒါက လုံလောက်ပါတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
