အမ်ပိုလီ - နာပိုလီ (တနင်္ဂနွေညနေ ၅း၀၀ နာရီ)
အမ်ပိုလီက အိမ်ကွင်းမာဂုဏ်မြင့်ပြီး စီးရီးအေအိမ်ကွင်း နောက်ဆုံး (၇)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။ ကျစ်လစ်တဲ့ ကစားပုံရှိပြီး စီးရီးအေအိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာ (၅)ပွဲ Clean Sheet ရခဲ့တယ်။ ကွန်တီရဲ့ နာပိုလီကလည်း အကောင်းဆုံးပုံစံနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေတယ်။ လူကာကူကို ကွန်တီအရမ်းအားကိုးပြီး တကယ်လည်း အလုပ်ဖြစ်နေတာတွေ့ ရတယ်။ နာပိုလီ နိုင်မယ်။ ဂိုးများမယ်။
လက်ချီ - ဖီအိုရင်တီးနား (တနင်္ဂနွေည ရး၃၀ နာရီ)
လက်ချီက နောက်ပိုင်းပွဲတွေမှာ စိတ်ပျက်စရာတိုက်စစ် ကစားပုံနဲ့အတူ ရလဒ်တွေကျဆင်းလာတယ်။ ဖီအိုရင်တီးနား ကလည်း စီးရီးအေအဝေးကွင်းနိုင်ပွဲပျောက်ဆုံးနေဆဲဖြစ်ပြီး ခံ စစ်ကလည်း ပေးဂိုးနှုန်းများနေတယ်။ လက်ချီနဲ့ စွန့်စားသင့်တဲ့ ပွဲမျိုးပါ။
ဗင်နီဇီယာ - အတ္တလန်တာ (တနင်္ဂနွေည ရး၃၀ နာရီ)
ဗင်နီဇီယာက အမှတ်ပေးဇယား အောက်ဆုံးရောက်နေ ပေမဲ့ ကစားပုံမဆိုးပါဘူး။ ပွဲကျပ်ကာလဖြတ်သန်းခဲ့ရလို့သာ ရှုံး ပွဲတွေ တွေ့ခဲ့တာလို့ ဆိုရမယ်။ အတ္တလန်တာကလည်း စီးရီး အေအဝေးကွင်းပုံမှန်ခြေစွမ်းမရသေးပါတယ်။ ဗင်နီဇီယာကို ရွေးချယ်ချင်တယ်။
ကာဂလီယာရီ - တိုရီနို (တနင်္ဂနွေည ၁၀း၃၀ နာရီ)
ကာဂလီယာရီက နောက်ဆုံး (၂)ပွဲမှာ ပါးမား၊ ဂျူဗီတို့လို အသင်းတွေဆီကနေ (၄)မှတ်အထိရယူနိုင်ခဲ့တယ်။ တိုရီနိုက လည်း နောက်ဆုံးပွဲတွေမှာ လာဇီယို၊ အင်တာမီလန်တို့ကို ရှုံးခဲ့ တယ်။ တိုရီနို ကပ်နိုင်ဖို့များတယ်။
ရိုးမား - အင်တာမီလန် (တနင်္လာနံနက် ၁း၁၅ နာရီ)
ရိုးမားက နည်းပြ ဒီရော့ဆီထွက်ပြီးနောက်ပိုင်းမှ ရလဒ်တွေ သိသိသာသာတက်လာတယ်။ ဒေါ့ဗ်ဘိခ်က သွင်းဂိုးတွေအ တွက် အားထားလာရပြီး အတော်လေး အလုပ်ဖြစ်လာတယ်။ အင်တာမီလန်ကတော့ ပြီးခဲ့တဲ့ရာသီကလောက် အားကောင်းတဲ့ ပုံစံမျိုး မပြနိုင်သေးဘူး။ ဒါပေမဲ့ စီးရီးအေမှာတော့ အတောင့်တင်းဆုံးအသင်းဖြစ်နေဆဲပါပဲ။ လော်တာရိုမာတီနက်ဇ်နဲ့ မားကပ်စ် သူရမ်က စီးရီးအေရဲ့ အကောင်းဆုံးတိုက်စစ်အတွဲအဖက်ဖြစ်ပြီး နောက်ပိုင်းပွဲတွေမှာလည်း သူတို့ရဲ့ သွင်းဂိုးတွေကို မြင်နေရ တယ်။ အင်တာမီလန်ကို ကြိုက်တယ်။ (၂)သင်းပေါင်းသွင်းဂိုးများနိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
