မာယော့ကာ - ဗယ်လက်ကာနို (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
(၂)သင်းခြေစွမ်းချင်းတော့မကွာလှဘူး။ မာယော့ကာအိမ် ကွင်းကစားအား ပိုကောင်းပေမယ့် ဗယ်လက်ကာနိုကလည်း အခု နောက်ပိုင်းကွင်းမရွေးဘဲ ရှုံးပွဲမရှိအောင်ကစားပြနေတယ်။ ဒါပေမဲ့ အစဉ်အလာမှာ မာယော့ကာ အသာရနေသလိုတွေ့ရလို့ အိမ်ကွင်းမှာ မရှုံးအောင်တော့ကစားပြနိုင်မှာသေချာတယ်။ မာ ယော့ကာကိုပဲရွေးထားချင်တယ်။ ဂိုးတော့နည်းမယ်။
အက်သလက်တီကို - လီဟာနက်စ် (တနင်္ဂနွေည ၈း၄၅ နာရီ)
အက်သလက်တီကိုက ဒီရာသီအစမှာ ခြေစွမ်းအတက်အ ကျများနေတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိ ရှုံးပွဲမရှိအောင်က စားပြထားတဲ့စွမ်းဆောင်ရည်က အသိအမှတ်ပြုရမှာပါ။ ကစား သမားတချို့သာ ဒီထက်ပိုပြီး အထိုင်ကျမယ်ဆိုရင်အက်သ လက်တီကိုတို့ ပိုအားကောင်းလာဖို့ရှိပါတယ်။ ဒီခုလည်းအိမ် ကွင်းမှာ တန်းတက်လီဟာနက်စ်ကို အနိုင်ယူဖို့မခက်လောက်ပါ ဘူး။ အက်သလက်တီကိုနဲ့ ဂိုးအများပဲကြိုက်တယ်။
ဗီလာရီးယဲလ် - ဂီတာဖေး (တနင်္ဂေနွေည ၁၁း၀၀ နာရီ)
ဗီလာရီးယဲလ်တိုက်စစ်ကို ဂီတာဖေးဘယ်လောက်တောင့် ခံနိုင်မလဲပဲစောင့်ကြည့်ရမယ်။ ဂီတာဖေးက ဒီရာသီမှာအဝေးကွင်း ခံစစ်ကစားပုံလျော့နေပြီး ဂိုးတွေလွယ်လွယ်ခွင့်ပြုနေတာတွေ့ ရတယ်။ ဒါ့ပြင် ဗီလာရီးယဲလ်တို့ အိမ်ကွင်းမှာတော့အမှားအယွင်း အဖြစ်ခံမယ်မထင်ပါဘူး။ ဗီလာရီးယဲလ်နဲ့ဂိုးအများပဲရွေးမယ်။
ဘာစီလိုနာ - ဆီဗီလာ (တနင်္လာနံနက် ၁း၃၀ နာရီ)
ဘာစီလိုနာကတော့ ဒီပွဲကစပြီး ပွဲကျပ်တွေဆက်တိုက်နွှဲ ရဖို့ရှိနေတယ်။ ဒီပွဲပြီးရင် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်၊ ပြီးရင် ရီးယဲလ်မက်ဒရစ်နဲ့ El Clasico ပွဲတွေဆက်တိုက်ကစားရမှာ ဖြစ်လို့ အခုဆီဗီလာနဲ့ပွဲကို အတိမ်းအစောင်းအဖြစ်ခံမယ် မ ထင်ဘူး။ ဘာစီလိုနာအတွက်သတင်းကောင်းတွေက အခုပွဲမှာ အော်လ်မိုနဲ့ ဖာမင်လိုပက်ဇ်တို့ ပြန်ကစားနိုင်ဖို့ရှိနေတာ၊ ဂါဗီ လည်းအသင်းမှာပါလာနိုင်တာတွေပဲဖြစ်တယ်။ ဒါ့ပြင်ယမားလ် ကလည်း ဒဏ်ရာကင်းပြီးဆားဘီးယားနဲ့ပွဲ မကစားရတော့ဘဲ အသင်းကိုပြန်ရောက်လာလို့ အနားနည်းနည်းလောက်ရလိုက် တာက ဟန်ဆီဖလစ်ခ်အတွက်စိတ်ကျေနပ်စရာဖြစ်ခဲ့ရတယ်။ အိမ်ကွင်းပွဲလည်းဖြစ်နေလို့ ဘာစီလိုနာပိုအားစိုက်ကစားနိုင်ဖို့လည်းရှိတယ်။ ဆီဗီလာကစားပုံတက်လာသလို တွေ့ရပေ မယ့် အဝေးကွင်းမှာစိတ်မချရပါဘူး။ ဘာစီလိုနာနဲ့ ဂိုအများပါပဲ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
