ဖနွမ်းပင်၊အောက်တိုဘာ ၂၀
ကမ္ဘောဒီးယားနိုင်ငံ၌ မြေမြှုပ်မိုင်းများ နှင့် မပေါက်ကွဲသေးသော စစ်လက်နက် ပစ္စည်း များကျန်ရှိနေသေးသော နယ်မြေ ဧရိယာ ၁,၇၀၀ စတုရန်းကီလိုမီတာခန့်ရှိနေသေးပြီး အဆိုပါမိုင်းများရှိရာဒေသများ မှ ဒေသခံပြည်သူ တစ်သန်းခန့်သည် အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်မာနက်ကပြောကြားခဲ့သည်။
ကမ္ဘောဒီးယားအနေဖြင့် နှစ်ပေါင်း ၃၀ အတွင်း မြေမြှုပ်မိုင်းကျန်ရှိ နေသေးသောဧရိယာ ၃,၀၀၀ စတုရန်းကီလိုမီတာကိုရှင်းနိုင်ခဲ့သော်လည်း ယခုအထိ ၁,၇၀၀ စတုရန်းကီလိုမီတာခန့် ကို ရှင်းလင်းရန်ကျန် နေဆဲဖြစ်ကြောင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
“အခုကျွန်တော်တို့ မိုင်းရှင်းဖို့ကျန်နေတဲ့ဧရိယာဟာ အကြမ်းဖျဉ်းတွက်မယ်ဆိုရင် စင်္ကာပူနိုင်ငံရဲ့ နှစ်ဆခွဲလောက်ကျန်ရှိနေသေးတာမို့ ဒေသခံတစ်သန်းလောက်အတွက်က အန္တရာယ်ရှိနေဆဲပါ။အဲ့ဒါကြောင့် အခုထက်ပိုပြီးအား စိုက်လို့ လုပ်ရပါဦးမယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်က ယခုမိုင်းကြွင်းမိုင်းကျန်များသည် စစ်၏အနိဌာရုံများဖြစ်သဖြင့် ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး၏တန်ဖိုးကိုသိရှိကာ ပိုမိုထိန်းသိမ်းဆောင်ရွက်သင့်ကြောင်းကိုလည်းအသိပေးပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
