Top News

စီးရီးအေကလပ် ကိုမိုအသင်း၏ ဘုတ်အဖွဲ့ဝင်အဖြစ် ဗာရန်း ခန့်အပ်ခံရ
24htopnews | October 21, 2024 3:12 AM CST

 

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့သည့် ပြင်သစ်နောက်ခံလူဟောင်း ရာဖယ်ဗာရန်းသည် စီးရီးအေကလပ် ကိုမိုအသင်း၏ ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။

အသက် ၃၁ နှစ်သာရှိသေးသူ ဗာရန်း သည် ပြီးခဲ့သည့်ရာသီကုန်၌ မန်ယူအသင်းနှင့် လမ်းခွဲ၍ ဇူလိုင်တွင် ကိုမိုအသင်းနှင့် နှစ်နှစ် စာချုပ် ချုပ်ဆိုခဲ့သည်။ 

သို့သော် ၎င်းသည် ကိုမိုအသင်းအတွက် ပထမဆုံးပွဲစဉ်ဖြစ်သည့်  ကိုပါအီတာလီယာဖလားပြိုင်ပွဲ ပထမပိုင်းမှာပင် ဒူးဒဏ်ရာရရှိခဲ့သဖြင့် အနားယူခဲ့ရပြီး စက်တင်ဘာ ၂၅ ရက်တွင် ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့သည်။ ထို့ကြောင့် ကိုမိုအသင်းက ၎င်းအား ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဗာရန်းသည် ကိုမိုအသင်းတွင် လူငယ်ဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ထုတ်ကုန်သစ်ဖန်တီးမှုအတွက် အကြံပေးအဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။


READ NEXT
Cancel OK