Top News

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကလေးများကို Mascots အဖြစ် ခေါ်ဆောင်ခြင်းမပြုရန် လီဗာပူးလ်အသင်း ဆုံးဖြတ်
24htopnews | October 21, 2024 4:12 AM CST

ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် လီဗာပူးလ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19)အန္တရာယ်ကြောင့် ကလေးငယ်များကို Mascots အဖြစ် ကွင်းအတွင်းခေါ်ဆောင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် လီဗာပူးလ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19)အန္တရာယ်ကြောင့် ကလေးငယ်များကို Mascots အဖြစ် ကွင်းအတွင်းခေါ်ဆောင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

    

ကလပ်အသင်းများအနေဖြင့် ပွဲမစတင်မီ မိမိအသင်းကိုယ်စားပြု Mascots  အဖြစ် ကလေးငယ်များကို လက်ဆွဲ၍ ကွင်းအတွင်း ဝင်ရောက်လေ့ရှိပြီး လီဗာပူးလ်အသင်းက ယင်းအစီအစဉ်ကိုဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် လီဗာပူးလ်အသင်းက ကမ္ဘာတစ်ဝန်းကူးစက်နှုန်းမြန်နေသည့် COVID-19 ဗိုင်းရပ်စ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် ကွင်းတွင်းကွင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ အသေအချာဆောင်ရွက်ရန်၊ ဗိုင်းရပ်စ်ဖြစ်ပွားနှုန်းမြင့်မားသည့်နိုင်ငံများသို့ သွားရောက်ခြင်းမပြုရန်၊ ရောဂါလက္ခဏာ ခံစားနေရသည့် ပရိသတ်များအနေဖြင့် ဆေးပညာရှင်များ၏ အကြံပေးချက်အတိုင်း သီးသန့်ခွဲခြားနေထိုင်ရန် တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲကလည်း ပွဲမစတင်မီ နှစ်ဖက်အသင်း ကစားသမားများနှင့် ဒိုင်လူကြီးများ လက်ဆွဲနှုတ်ဆက်လေ့ရှိသည့်အစဉ်အလာကိုမပြုလုပ်ရန် မတ် (၅)ရက်တွင် ကြေညာချက်ထုတ်ပြန်၍ တားမြစ်ခဲ့ကြောင်း သိရသည်။ 

ဝက်စ်ဟမ်းနှင့် နယူးကာဆယ်အသင်းတို့က လေ့ကျင့်ရေးကွင်း၌ အချင်းချင်းလက်ဆွဲနှုတ်ဆက်ခြင်းကို ပြီးခဲ့သည့်တစ်ပတ်ကတည်းက တားမြစ်ထားပြီး ယခုအခါ အသင်းအားလုံး လုပ်ဆောင်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

 


READ NEXT
Cancel OK