ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ဆယ်ဖာရင် အင်္ဂလိပ်ကလပ်အသင်းများအနေဖြင့် ကစားသမားများ ပွဲပန်းမှုဒဏ်ကို ရှောင်လွှဲနိုင်ရန်အတွက် လိဂ်ဖလား(ကာရာဘောင်ဖလား)ပြိုင်ပွဲကို ဖျက်သိမ်းသင့်ကြောင်း တိုက်တွန်းခဲ့သည်။
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ဆယ်ဖာရင် အင်္ဂလိပ်ကလပ်အသင်းများအနေဖြင့် ကစားသမားများ ပွဲပန်းမှုဒဏ်ကို ရှောင်လွှဲနိုင်ရန်အတွက် လိဂ်ဖလား(ကာရာဘောင်ဖလား)ပြိုင်ပွဲကို ဖျက်သိမ်းသင့်ကြောင်း တိုက်တွန်းခဲ့သည်။
အင်္ဂလိပ်ကလပ်အသင်းများသည် တစ်ရာသီအတွင်း အမှတ်ပေးပြိုင်ပွဲအပြင် FA ဖလားနှင့် လိဂ်ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်နေရသည့်အတွက် ပွဲစဉ်များမှာ ကျပ်တည်းလွန်းပြီး လိဂ်ဖလားပြိုင်ပွဲကို ဝေဖန်မှုများ ရှိလာခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် လိဂ်ဖလားနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ရက်သာခြားကာ ယှဉ်ပြိုင်ခဲ့ရပြီး ယူ-၂၃ သင်းဖြင့် လိဂ်ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်စေခဲ့သည်။
လီဗာပူးလ်နည်းပြ ကလော့ပ်နှင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာက လိဂ်ဖလားပြိုင်ပွဲဖျက်သိမ်းရန် ပြောဆိုမှုများ ရှိခဲ့သလို၊ ယခုအခါ UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က ယင်းပြိုင်ပွဲကို ဖျက်သိမ်းရန် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆယ်ဖာရင်က "လိဂ်ဖလားပြိုင်ပွဲကို ပြင်သစ်မှာ ကျင်းပတာ ဒီရာသီ နောက်ဆုံးပါပဲ။ နောက်ရာသီဆိုရင် လိဂ်ဖလားပြိုင်ပွဲ ကျင်းပတဲ့ နိုင်ငံက အင်္ဂလန်တစ်နိုင်ငံတည်း ရှိတော့မှာပါ။ ကျွန်တော်ကတော့ အင်္ဂလန်မှာ လိဂ်ဖလားပြိုင်ပွဲကို ဖျက်သိမ်းလိုက်တာက အားလုံးအတွက် ကောင်းမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လိဂ်ဖလားပြိုင်ပွဲကနေ အကျိုးအမြတ်ရနေတာကြောင့် ဒီပြိုင်ပွဲကို ဖျက်သိမ်းဖို့ ခက်ခဲမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ပြီးတော့ အင်္ဂလိပ်တွေက ရိုးရာစဉ်လာကို တန်ဖိုးထားသူတွေဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
လိဂ်ဖလားပြိုင်ပွဲကို ၁၉၆၀ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး လီဗာပူးလ်အသင်းက (၈)ကြိမ်ဖြင့် အများဆုံးဗိုလ်စွဲထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
