ရွှေစျေးကွက်အတွင်း ငွေကြေးခဝါချမှု များပေါ်ပေါက်လာပါလျှင် သက်ဆိုင်ရာက ၎င်းတို့ထံ သတင်းပေးပို့ရန် ညွန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြား သည်။
ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတွင်ပြုလုပ်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးကိစ္စ အား ရှင်းလင်းခြင်းအစည်းအဝေးကိစ္စနှင့် ပတ်သက်၍ ွှ့န ီငေူပ နူနလနည သတင်း စာ၏ မေးမြန်းမှုကို ဖြေကြားကြားရာတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ငွေကြေးခဝါချမှုက ၂၀၁၄ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ဥပဒေပြဋ္ဌာန်းခဲ့တာပါ။ အဲဒီမှာ ကျွန်တော်တို့ ရွှေငွေနဲ့ပတ်သက်လို့ မသမာမှုတွေအားလုံးကို သတင်းပေးဖို့၊ အဓိကအချက်က ဘာကိုဆိုလို ထားလဲဆိုတော့ သိန်းတစ်ထောင်အထက် အရောင်းအဝယ်ဖြစ်ရင် သတင်းပို့ရမယ်။ ဒေါ်လာဆိုလည်း တစ်သောင်းအထက် အရောင်းအဝယ်ဖြစ်ရင် ဝင်ငွေရှိရင်သတင်း ပို့ရမယ်ဆိုပြီးတော့ ပြဋ္ဌာန်းထားတယ်။ ဒါပေမဲ့ အဲဒီမှာ ကျွန်တော်တို့ နည်းဥပဒေကို ငွေကြေး စုံစမ်းထောက်လှမ်းရေးအဖွဲ့ကနေပြီးတော့ ပြန်လည်ရှင်းလင်းတဲ့အခါ သိန်းတစ်ထောင် ကျော်ပေမယ့်လည်း ငွေကြေးခဝါချတာမဟုတ်ရင် သတင်းပို့စရာမလိုဘူး။ နောက်တစ်ခုက ဒေါ်လာတစ်သောင်းကျော်ပေမယ့်လည်း ငွေကြေးခဝါချတာမဟုတ်ဘဲနဲ့ ပုံမှန်အရောင်းအဝယ်ဆိုရင် သတင်းပို့စရာမလိုဘူးဆိုပြီး ညွှန်ကြားချက်မှာ တရားဝင်ထွက်လာတယ်။ ညွှန် ကြားချက်ကတော့ လူတော်တော်များများဆီ မရောက်ပါဘူး။ မရောက်တော့ ဒီနေ့အစည်း အဝေးကတော့ အဲဒီ ညွှန်ကြားချက်ရှိတဲ့ အကြောင်းကို ကျွန်တော်တို့တင်ပြရှင်းလင်းခြင်းပဲဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးမျိုးမြင့် က ပြောကြားသည်။
ငွေကြေးခဝါချမှုသတင်းနှင့်ပတ်သက်၍ မှားယွင်းပြီး သတင်းပေးပို့ပါက ထောင်ဒဏ်သုံးနှစ်မှအထက်ကျခံရမည်ဟု ပြဋ္ဌာန်းချက် ထုတ်ထားကြောင်း၊ အကယ်၍ ပေးပို့သည့် သတင်းမှန်ကန်ပါက ငါးရာခိုင်နှုန်းဆုကြေးရ မည်ဟု ညွှန်ကြားချက်တွင်ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။
“နောက်တစ်ခါ ဒီငွေကြေးခဝါချမှုနဲ့ ပတ်သက်လို့လည်း ဗဟိုအဖွဲ့ရှိတယ်။ ဗဟို ငွေကြေးခဝါချမှုအဖွဲ့ရှိတယ်။ နောက်စုံစမ်း ထောက်လှမ်းရေးအဖွဲ့ရှိတယ်။ စိစစ်ရေးအဖွဲ့ ရှိတယ်။ နောက်တစ်ခါ စုံစမ်းရေးအဖွဲ့ရှိတယ်။ နောက်ပြီး သတင်းပေးအဖွဲ့အစည်းတွေလည်း ရှိတယ်။ သတင်းပေးအဖွဲ့အစည်းတွေဟာလည်း ကျွန်တော်တို့ မှားယွင်းပြီးတော့ သတင်း ပေးရင် ထောင်ဒဏ်သုံးနှစ်ကနေအထက်ကျခံရမယ်ဆိုပြီးတော့ ပြဋ္ဌာန်းချက်ထုတ်ထားပါတယ်။ တကယ်လို့ သတင်းပေးတဲ့သူက မှန်ကန်တယ်ဆိုရင် ငါးရာခိုင်နှုန်းဘောနပ်ဆု ရမယ်ဆိုပြီး ညွန်ကြားချက်မှာ ပါပါတယ်။ အဲဒါတွေကလည်း ကျွန်တော်တို့ ဒီမှာတော့ သိအောင်ပြောပြထားတဲ့သဘောပဲရှိပါတယ်”ဟု ဥက္ကဋ္ဌဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။
လက်ရှိတွင် တစ်နေ့လျှင် ရွှေပိဿာချိန် ၅၀ ခန့် အရောင်းအဝယ်ဖြစ်နေပြီး ဆိုင်များ မှပြန်ရောင်းသည်များရှိသကဲ့သို့ လိုအပ်၍ ကုန်ကြမ်းစုခြင်းများလည်းရှိကြောင်း သိရ သည်။
“တစ်နေ့ကို ပိဿာချိန် ၅၀ လောက်တော့ အရောင်းအဝယ်ဖြစ်ပါတယ်။ အဲဒီလိုပဲဆိုင်သမားတွေကနေပြီး လာပြန်ရောင်းတာရှိတယ်။ ဆိုင်သမားတွေကနေပြီးတော့ လိုအပ်လို့ ကုန်ကြမ်းစုတာရှိပါတယ်။ ဒီလောက် အတိုင်းအတာပဲရှိပါတယ်”ဟု ဦးမျိုးမြင့်က ဆိုသည်။
ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူအချို့တက်ရောက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
