မြန်မာ့မီးရထားက ကိုရီးယားနိုင်ငံမှ ဝယ်ယူထားသည့် အထက်တန်း လေအိတ်တွဲများအနက် ပထမဆုံး ရောက်ရှိလာသည့် လေအိတ်အထက်တန်းတွဲ ၁၀ တွဲအား မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
လက်ရှိတွင် အဆိုပါ အထက်တန်း လေအိတ်ရထားတွဲများမှာ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်) သို့ ရောက်ရှိနေပြီး ယင်းစက်ရုံတွင် တည်ဆောက်ထားသည့် စားသောက်တွဲတစ်တွဲ၊ ဘရိတ်တွဲ တစ်တွဲတို့အား ချိတ်ဆက်ပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် ပြေးဆွဲသွားရန် ကနဦး စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် အဆိုပါ ရထားတွဲများဖြင့် ပြေးဆွဲခြင်းအား လာမည့်မတ်လဆန်းတွင် စတင်ရန် စီစဉ်ထားပြီး အထက်တန်းတွဲ တစ်တွဲလျှင် ၃၃ ဦးနှုန်းဖြင့် ခရီးသည် ၃၃၀၊ စားသောက်တွဲ တစ်တွဲ၊ ရိုးရိုးတန်း ၃၃ ဦးစီးနင်းနိုင်သည့် ဘရိတ်တွဲတစ်တွဲတို့ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားက ကိုရီးယားနိုင်ငံမှ ချေးငွေအမေရိကန်ဒေါ်လာ ၄၅ သန်းဖြင့် ဝယ်ယူထားသည့် အထက်တန်း လေအိတ်တွဲ ၁၀၀ အနက် ပထမအသုတ်အဖြစ် ရထားတွဲ ၁၀ တွဲ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။
အဆိုပါ ကိုရီးယားနိုင်ငံမှ အထက်တန်း လေအိတ်ရထားတွဲများ တင်ဆောင်လာသော သင်္ဘောမှာ ၂၀၂ဝပြည့်နှစ် ဇန်နဝါရီ ၇ ရက် က သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပြီး ရထားတွဲ ၁၀ တွဲနှင့် အရန်ပစ္စည်းများ ပါဝင်လာကြောင်း သိရသည်။
မြန်မာ့မီးရထားမှ ကိုရီးယားနိုင်ငံ ချေးငွေဖြင့် လူစီးတွဲသစ် ၁၀၀ ဝယ်ယူနိုင်ရန် ကိုရီးယား Dawonsys ကုမ္ပဏီနှင့် ကန်ထရိုက်စာချုပ်အား ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထားလုပ်ငန်းသည် ကိုရီးယားနိုင်ငံ EXIM Bank ၏ EDCF ချေးငွေအမေရိကန်ဒေါ်လာ ၄၅ သန်းဖြင့် လူစီးရထားတွဲသစ် ၁၀၀ အား ဝယ်ယူသွားရန် စီစဉ်ထားခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ကိုရီးယားနိုင်ငံနှင့်သာမက ဂျပန်နိုင်ငံ အိုဒီအေ ချေးငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းများလည်းရှိပြီး၊ ယင်းစီမံကိန်းများမှာ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း၊ ဘူတာများ အဆင့်မြှင့်တင်ရေး စီမံကိန်း အပါအဝင် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းများအား ဆောင်ရွက်လျက်ရှိသည်။ ယင်းပြင် ဟံသာဝတီလေဆိပ် တည်ဆောက်ရေး စီမံကိန်းအား ဂျပန်နိုင်ငံ အစိုးရနှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ ချေးငွေ အမေရိကန်ဒေါ်လာ ၂.၇ ဘီလျံသုံးစွဲသွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် လုပ်ဆောင်သွားရန် ကနဦး လျာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
