ဝန်အားမနိုင်သော ဓာတ်အားလိုင်းများအား ကြိုးအသစ်လဲခြင်း၊ သစ်ပင်သစ်ကိုင်း များ ခုတ်ထွင်ခြင်းပြုလုပ်မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဇန်နဝါရီ ၁၄ ရက်နှင့် ၁၆ ရက်တို့တွင် မီးပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းက သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် နှင့် မြို့နယ်များတွင် ၆၆ ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ဝန်အားမနိုင်တော့သော ၁၁ ကေဗွီဓာတ် အားလိုင်းရှိ ၃၃ ကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းနှင့် ဓာတ်အားပြတ်တောက်မှု လျော့ကျစေရန် သစ်ပင်/ကိုင်းခုတ်ခြင်းများ အား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်းက ပြုလုပ်မည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်နေစဉ် လျှပ်စစ်ဓာတ် အားပြတ်တောက်မည့်မြို့နယ်များမှာ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ လှည်းကူး၊ ဒါးပိန်၊ အင်းတိုင်၊ ဖောင်ကြီး၊ မှော်ဘီ၊ ဥက္ကံ၊ ကမာရွတ်၊ လသာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဗဟန်း၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဗိုလ်တထောင်၊ ရန်ကင်း၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ တောင် ဥက္ကလာပ၊ ဒဂုံမြို့နယ် (အရှေ့ပိုင်း) မြို့နယ် များရှိ ရပ်ကွက်အချို့တွင် ဇန်နဝါရီ ၁၄ ရက် နှင့် ဇန်နဝါရီ ၁၆ ရက်တို့တွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ အချိန်ပိုင်းဖြင့် ဓာတ်အားပြတ် တောက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရန် အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရခြင်း ဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက်ရခြင်းကြောင့် လူမှုရေးအခက်အခဲများပေါ်ပေါက်လာနိုင်မှုအေါ် နားလည်ခွင့်လွှတ်ပေးရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်းက ပြည်သူများသို့ အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
