ဆေးပညာမဟာသိပ္ပံဘွဲ့သင်တန်းများ ဝင်ခွင့်ဖြေဆိုရာ၌ အင်္ဂလိပ်စာဘာသာ စစ်ဆေးသည့်ပုံစံကို ပြောင်းလဲမည်ဖြစ်ရာ ရလဒ်ကိုမူထည့်သွင်းမစဉ်းစားဘဲ သက်ဆိုင်ရာ ဘာသာရပ်ရမှတ်ဖြင့်သာ ဝင်ခွင့်အတွက် ဆုံးဖြတ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
လက်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရှိ မဟာသိပ္ပံဘွဲ့သင်တန်းများ တွက် ဝင်ခွင့်ဖြေဆိုရာ၌ အင်္ဂလိပ်စာဘာသာရပ်ကို စစ်ဆေးသည့်ပုံစံကို ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဆေးပညာ၊ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့်သက်ဆိုင်သော အင်္ဂလိပ်စာကိုသာ အဓိကထားစစ်ဆေးနိုင်ရန် နှင့် ဝင်ခွင့်စာမေးပွဲဖြေဆိုချိန်တွင် မဟုတ်ဘဲ လေးလလျှင်တစ်ကြိမ် အင်္ဂလိပ်စာဘာသာရပ်ကို ပုံမှန်စစ်ဆေးထားပြီး အောင်မြင်ထား ပါက သုံးနှစ်အတွင်း ထပ်မံဖြေဆိုရန်မလိုဘဲ မဟာသိပ္ပံဘွဲ့သင်တန်း ဝင်ခွင့်ဖြေဆိုရာတွင် သက်ဆိုင်ရာ ဆေးနှင့်ဆေးနှီးနွှယ်ပညာဘာသာရပ်ကိုသာ ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် အင်္ဂလိပ်စာဘာသာရပ်ရမှတ်ကို ထည့်သွင်း စဉ်းစားမည်မဟုတ်ဘဲ အောင်မြင်ထားရှိပါက မဟာဘွဲ့လွန်သင်တန်းဝင်ခွင့်ဖြေဆိုနိုင်မည် ဖြစ်ပြီး သက်ဆိုင်ရာဘာသာရပ် ရမှတ်ဖြင့်သာ ဝင်ခွင့်အတွက် ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံအတွင်းရှိ ဆေးတက္ကသိုလ်များ၏ ဘက်စုံအဆင့်မြင့်မားတိုးတက်ရေး၊ ဆရာ ဆရာမများ၏ အရည်အသွေး ပိုမိုမြင့်မားရေးနှင့် သုတေသနလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ရန် ပြည်ပတက္ကသိုလ် ၁၅ ခုနှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
“မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဆေးတက္ကသိုလ်တွေရဲ့ အဆင့်မြင့်မားရေး နဲ့ သုတေသနလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် ပြည်ပတက္ကသိုလ် ၁၅ ခုနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ ယူကေမှာရှိတဲ့ တော်ဝင်ကောလိပ်တွေနဲ့ချိတ်ဆက်ပြီး MRCP,MRCPCH, MRCOG,MRCS စာမေးပွဲတွေကို မြန်မာနိုင်ငံမှာ ပူးပေါင်းစစ်ဆေးတဲ့အခါမှာလည်း မြန်မာနိုင်ငံက ဆရာဝန်တွေရဲ့ အောင်ချက်က အလွန်ကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါတွေအပြင် ဝန်ကြီး ဌာနက ဆရာဝန်ကြီးတွေ နိုင်ငံတကာတက္ကသိုလ်ကြီးတွေက ဆရာဝန်ကြီးတွေနဲ့ပူးပေါင်း ပြီး နှလုံး၊ အစာအိမ်အူလမ်းကြောင်း၊ ဦးခေါင်း လည်ပင်း၊ အသည်း၊ ကျောက်ကပ်အစားထိုးကုသခြင်း စတဲ့ခွဲစိတ်ကုသမှုတွေ အထူးကြပ် မတ်ကုသမှုတွေ မေ့ဆေးနဲ့ ကင်ဆာရောဂါ ကုသမှုဆိုင်ရာ စတဲ့ ဆေးပညာဘာသာရပ် ၁၇ ခုမှာလည်း အကြိမ်ရေ ၂၀၀ အထက် ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးပါပြီ။ ဆက်လက်ပြီးလည်း ပိုမို ပူးပေါင်းဆောင်ရွက်သွားဖို့ ဆောင်ရွက်နေပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
လက်ရှိ နားလည်မှုစာချွန်လွှာများဖြင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဆေးတက္ကသိုလ် (၁) တွင် ၁၀ ခု၊ ဆေးတက္ကသိုလ် (၂)တွင် ၁၃ ခု၊ ဆေးတက္ကသိုလ်(မကွေး)တွင် လေးခု၊ ဆေးတက္ကသိုလ် (မန္တလေး)တွင် ၁၁ ခုနှင့် ဆေးတက္ကသိုလ်(တောင်ကြီး)တွင် တစ်ခုရှိပြီး ပြည်ပ တက္ကသိုလ် ၁၅ ခုနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆေးတက္ကသိုလ်များတွင် ယခု ၂၀၁၉- ၂၀၂ဝပြည့်နှစ် ပညာသင်နှစ်မှစ၍ နိုင်ငံတကာအဆင့်မီ မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်း တမ်းအသုံးပြုသင်ကြားမည်ဖြစ်ပြီး ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်နှင့်၂၀၁၈ခုနှစ် ဒီဇင်ဘာတွင် စတင်တက်ရောက်ခဲ့သည့် ဆေးတက္ကသိုလ်ပထမနှစ်သင်တန်းများ၊ လက်ရှိ ဆေးတက္ကသိုလ် ဒုတိယနှစ်သင်တန်းများတွင် သင်ရိုးညွှန်းတမ်းကို ကနဦး Pilot Study ပုံ စံဖြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ် အသီး သီးမှ ၂၀၁၆ ခုနှစ်မှ လက်ရှိအထိ ဆေးလက်တွေ့ပညာဘာသာရပ် ၃၂ မျိုးမှ ဆေးပညာ မဟာသိပ္ပံဘွဲ့ရ ၉၆၃ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခု လက်ရှိတွင် ဆေးလက်တွေ့ပညာ ဘာသာရပ် ၃၂ မျိုးမှ ဆေးပညာမဟာသိပ္ပံပထမ နှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်သင်တန်းများ တွင်၂၅၁၇ ဦး၊ ဆေးလက်တွေ့အခြေခံပညာ ရပ်ရှစ်မျိုးပါရဂူဘွဲ့သင်တန်းများတွင်၁၀၂ ဦးနှင့် ဆေးလက်တွေ့ပညာရပ် ၃၅ မျိုး၏ ပါရ ဂူဘွဲ့သင်တန်းများတွင် ၅၃၄ ဦးအား လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းလည်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းဆရာဝန်များအတွက် လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဘွဲ့လွန်ဒီပလိုမာ သင်တန်း ခုနစ်မျိုး၊ မဟာသိပ္ပံသင်တန်း၃၀ မျိုး၊ ဆေးလက်တွေ့အခြေခံပါရဂူသင်တန်း ခြောက်မျိုး၊ ဆေးလက်တွေ့ပါရဂူသင်တန်း ၄၁ မျိုး၊ စုစုပေါင်းအမျိုး ၈၀ ကျော်ကို ရွေးချယ်ခေါ်ယူလေ့ကျင့်သင်ကြားပေးမည်ဖြစ် ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
