Top News

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် အဆောင်နေထိုင်ခွင့်ရရှိရေး ဆန္ဒဖော်ထုတ်နေသည့် ဗကသကျောင်းသားများကို ကျောင်းသားကျောင်းသူအချို့က တန်ပြန်ဆန္ဒပြ
24htopnews | October 21, 2024 8:12 AM CST

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) တွင် အဆောင်နေထိုင် ခွင့်ရရှိရေးအတွက် ဆန္ဒဖော်ထုတ်နေသည့် ဗကသကျောင်းသားများကို ကျောင်းသား ကျောင်းသူအချို့မှ တန်ပြန်ဆန္ဒပြမှုများ ပြု လုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ကျောင်းသားများသမဂ္ဂ (ဗသကများအဖွဲ့ချုပ်) မှဦးဆောင်၍ အဆောင် နေထိုင်ခွင့်ရရှိရေးအပါအဝင် ကျောင်းသား များအား ဖိနှိပ်မှုပပျောက်ရေး၊ ကျောင်းသား ထုအခွင့်အရေး အပြည့်အဝရရှိရေးတို့အတွက် ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဆန္ဒဖော်ထုတ်မှုပြုလုပ်နေကြစဉ်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသားကျောင်း သူများကလည်း ဗုံများ၊ အိုးစည်များ တီးခတ်၍ ငြိမ်းချမ်းစွာပညာကြားရေး နောှင့်ယှက် ဖျက်စီးသူများအား အလိုမရှိ၊ အေးချမ်းစွာ ပညာသင်ယူနေမှုအား နှောင့်ယှက်လိုသူများ အလိုမရှိစသည့် ဆိုင်းဘုတ်များကိုင်ဆောင်၍ တန်ပြန်ဆန္ဒပြခဲ့ကြသည်။

“ကျွန်တော်တို့က ဒီကျောင်းက ကျောင်းသားတွေအကုန်လုံး ကောင်းအောင်လို့ လုပ်နေတာဖြစ်တယ်။ ဒါပေမဲ့ ဒီမနက် ကျွန်တော်တို့ ဆန္ဒပြတဲ့အချိန်မှာ ဟိုတစ်ဖက်မှာလည်း ကျောင်းအာဏာပိုင်ကမွေးထားတဲ့ လက်ကိုင်တုတ် ကျောင်းသားသမဂ္ဂတွေက ကျွန်တော် တို့လုပ်နေတဲ့အရာကို ဆန့်ကျင်တယ်ဆိုတာ မျိုး ပြန်လုပ်ခဲ့တယ်ပေါ့။ ကျောင်းသားတွေက လက်မခံဘူး ပြန်ဆန္ဒပြတယ်ဆိုတာထက်ပါချုပ် ကမွေးထားတဲ့ ကျောင်းသားသမဂ္ဂနှင့် ကျောင်း သားအချို့က ပြန်တန့်ပြန်တာပေါ့” ဟု ဆန္ဒပြ ကျောင်းသား အောင်ပိုင်ဦး (ပန်းပု) ပထမနှစ် က ဆိုသည်။

အဆိုပါ ဆန္ဒပြမှုများနှင့်ပတ်သက်၍ “ညီမကတော့ ဘယ်သူဘက်ကမှန်လည်း သေချာမသိတော့ မဝေဖန်ချင်ဘူး၊ ဘယ်သူဘက်မှာမှလည်း မရှိဘူး၊ ကြားနေပါပဲ”ဟု အမျိုး သားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပန်းပုမေဂျာမှ ကျောင်းသူတစ်ဦးက ဆို သည်။

အဆောင်နေထိုင်ခွင့်မရရှိခြင်းမှာ ဗက သကျောင်းသားဖြစ်ခြင်း မဖြစ်ခြင်းနှင့် သက်ဆိုင်မှုမရှိဘဲ အဆောင်သတ်မှတ်ချက်များနှင့် ကျောင်းသားဦးရေပေါ်မူတည်ခြင်းကြောင့် သာဖြစ်သည်ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က ပြောကြားသည်။

“သူဗကသကျောင်းသား ဖြစ်မှန်းမဖြစ်မှန်းတော့ ဆရာမသိဘူး။ ဆရာတို့မူအရတော့ အဆောင်က ကျောင်းသားဆောင်တစ်ဆောင် နဲ့ ကျောင်းသူဆောင်တစ်ဆောင်ပဲ ရှိတယ်။ ဆရာတို့ဆီမှာ အဆောင်ဝင်ဆံ့မှုက တစ်ခုကို လူ ၁၀၀ လောက်စီပဲရှိတယ်။ လူ ၁၀၀ ဆိုတာ ကလည်း ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ။ ဒီနှစ်ဆို လာလျှောက်တဲ့ ကျောင်းသားအင်အားကများတဲ့အတွက် ပိုပြီးလက်ခံနိုင်အောင် နှစ်ယောက်ခန်းကိုတောင် သုံးယောက်စီအထိ နေခွင့်ပြုလိုက်တယ်။ အဆောင်ရွေးချယ်တဲ့မူ အရဆိုရင်တော့ အဝေးအနီးကိုဦးစားပေးစနစ် နဲ့လက်ခံပေးတယ်”ဟု ပါမောက္ခချုပ်ဦးအောင် နိုင်မြင့်က ဆိုသည်။

ဆန္ဒပြကျောင်းသားနှင့်ပတ်သက်၍ “ဒုချုပ်နဲ့တွေ့ပြီးပြီ။ ရှင်းလည်းရှင်းပြပြီးပြီ။ အခုတော့ ဝန်ကြီးရုံးကို တင်ပြီးပြီ။ ဝန်ကြီးရုံးကလည်း အကြောင်းပြန်စာရပြီ။ ကျောင်းစည်းကမ်းဖောက်ဖျက်ရင်တော့ ကျောင်းစည်းကမ်း အရ ဆက်လက်အရေးယူမယ်” ဟု ပါမောက္ခ ချုပ်ဦးအောင်နိုင်မြင့်က ပြောကြားသည်။


READ NEXT
Cancel OK