Top News

အခြေခံပညာအတန်းများ၏ စာသင်ကာလတိုးမြှင့်ခြင်းကိုကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ရန်ကင်းပညာရေးကောလိပ်တွင် ပြုလုပ်
24htopnews | October 21, 2024 8:12 AM CST

အခြေခံပညာအတန်းများ၏ စာသင် ကာလတိုးမြှင့်ခြင်းကို ကန့်ကွက်သည့် ဖဲကြိုး စိမ်းလှုပ်ရှားမှုကို ဇန်နဝါရီ ၁၃ ရက် နံနက်က ရန်ကင်းပညာရေးကောလိပ်၌ ပြုလုပ်ခဲ့သည်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရန်ကင်းပညာ ရေးကောလိပ်ကျောင်းသားများသမဂ္ဂမှ ဦး ဆောင်ခြင်းဖြစ်ပြီး ရန်ကင်းပညာရေးကောလိပ်ကျောင်းဝင်းအတွင်းရှိ မြတ်ပညာခန်းမ ဆောင်ရှေ့၌ ကျောင်းသားကျောင်းသူများ ထံသို့ ဖဲကြိုးစိမ်းများနှင့် လက်ကမ်းစာစောင် များဝေငှခဲ့ကြောင်း၊ အဆိုပါဖဲကြိုးစိမ်းများကို  ကျောင်းသားကျောင်းသူများ၏ ရင်ဘတ်တွင် တပ်ဆင်ကာ သက်ဆိုင်ရာအတန်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီနေ့လုပ်ရတဲ့အကြောင်း ရင်းကတော့ ပညာရေးဝန်ကြီးဌာန ဒေါက်တာမျိုးသိမ်းကြီးတို့ကနေ ကျောင်းသားကျောင်းသူ တွေကို မတ်လအထိ ကျောင်းတက်ခိုင်းတဲ့ကိစ္စ နဲ့ပတ်သက်ပြီးတော့ ဖဲကြိုးစိမ်းလှုပ်ရှားမှုပြု လုပ်ရခြင်းဖြစ်ပါတယ်။ ဖဲကြိုးစိမ်းလှုပ်ရှားမှု ရည်ရွယ်ချက်ကတော့ မတ်လအထိ ကလေးတွေကို ကျောင်းတက်ရမယ်၊ စာမေးပွဲစစ်ဆေးခိုင်းတယ်။ အဲဒီလိုတွေ လုပ်တဲ့အခါကျတော့ အခြေခံပညာက ဆရာ ဆရာမတွေရော မြေ ပြင်ကအခြေအနေတွေကိုရောကို လုံးဝအကဲ မခတ်ဘဲနဲ့ ဆရာ ဆရာမတွေရဲ့ ပြောစကားတွေ ကျောင်းသားသမဂ္ဂတွေရဲ့ တိုက်တွန်းနှိုး ဆော်မှုတွေကို လက်မခံဘဲနဲ့ သူတို့ရဲ့ဆန္ဒတစ်ခုတည်းနဲ့ လုပ်ခဲ့တာဖြစ်တယ်။ အဲဒီအတွက် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်ရခြင်းဖြစ်ပါတယ်။ဖဲကြိုးစိမ်းကို အဆင့်ဆင့်ပြုလုပ်လာတယ်။ အဲဒီအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေကို ဆရာ ဆရာမတွေရဲ့ စကားသံတွေ ကို လက်ခံစေချင်ပါတယ်” ဟု ရန်ကင်းပညာ ရေးကောလိပ်ကျောင်းသားများသမဂ္ဂမှ ကို မင်းသုခန့်က ပြောကြားသည်


READ NEXT
Cancel OK