စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်) မှ စက်ရုံမှူး ဒေါက်တာ အောင်ဇော်အား ဇန်နဝါရီ ၁၃ ရက် တွင် ရုံးထုတ်ခဲ့ပြီး တရားလိုအား ပြန်လှန်မေး မြန်းမှုများ ပြုလုပ်ခဲ့သည်။
ဇန်နဝါရီ ၁၃ ရက်တွင် ဒေါက်တာအောင် ဇော်အား ရန်ကုန်တိုင်းတရားလွှတ်တော်တွင် ရုံးထုတ်ခဲ့သည်။
ယနေ့ရုံးချိန်းတွင် တရားလိုအား ဒေါက်တာအောင်ဇော်ဘက်မှ ရှေ့နေများမှ ပြန်လည် မေးခွန်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
“တရားလိုဘက်ကို ပြန်လှန်မေးခွန်းမေး တာပေါ့။ နောက်မေးစရာမေးခွန်းတွေ အများ ကြီးကျန်ပါသေးတယ်။၂၀ ရက်နေ့ကို ပြန်ချိန်း လိုက်ပါတယ်။ တရားလိုရဲ့ ထွက်ဆိုချက်တွေ ပြီးတော့ ကျွန်တော်တို့ဘက်ကနေ ပြန်လှန်မေးတုန်းပဲရှိသေးတယ်။ လိုချင်တဲ့အဖြေတွေလည်း ကျန်သေးတယ်။ အခုကတော့ ဒီလောက်ပဲ ဖြေလို့ရပါသေးတယ်။ တရားလိုပြသက်သေ တွေက များတယ်။ အာမခံကိစ္စတွေကတော့ ပြန်လှန်မေးခွန်းမေးတဲ့ချိန်ဆိုတော့ မဆောင်ရွက်သေးပါဘူး။အခြေအနေအချိန်အခါ ပေါ်လာပြီဆို လုပ်သင့်တာကို လုပ်မှာပါ။ ဒေါက်တာက ကျန်းမာရေးလည်းကောင်းပါတယ်” ဟု ဒေါက်တာအောင်ဇော်ဘက်မှ လိုက်ပါသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။
အင်းစိန်မြို့နယ် BPI ဆေးဝါးစက်ရုံမှူး အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အင်းစိန်မြို့နယ်တရားရုံးတွင် စက်တင်ဘာ ၆ ရက်က တရားစွဲဆိုအရေးယူ နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဒေါက်တာ အောင်ဇော်မှာ ဆေးဝါ စက်ရုံ (အင်းစိန်) ဏြှု နှင့် ဆေးဝါးစက်ရုံ (အင်ရောင်း) ကျောက်ဆည် တို့တွင် သွေးကြောသွင်း ဆေးရည်ဘူးများ ထုတ်လုပ်ရန်အတွက် ကော်စေ့များနှင့် စက်ပစ္စည်းများဝယ်ယူရာတွင် ကုမ္ပဏီနှင့်ပူးပေါင်း ၍ ရိုက်စားခွင်များဖန်တီးနေသူများအား အရေးယူပေးရန် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်သို့ တိုင်ကြားခဲ့သဖြင့် ကော်မရှင်က စစ်ဆေးကာ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
