နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂလူ မျိုးများရှိသည့် နေရာတိုင်းတွင် ကျင်းပနေပြီး အဓိကရည်ရွယ်ချက်မှာ စည်းလုံးညီညွတ်မှုကို ပြသရန်ဖြစ်သည်ဟု နာဂဒေသမှ လွှတ်တော် ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရှိရသည်။
“နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို အရင်တုန်းကတော့ ကိုယ့်ရပ်ရွာ ကိုယ့်ဒေသနဲ့ နီး စပ်ရာရွာတွေ စုစည်းပြီး ဒါမှမဟုတ် ရွာအလိုက် ကျင်းပခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ မြို့နယ်အလိုက် ကျေးရွာအလိုက်စုစည်းပြီး ကျင်းပလာခဲ့ပါတယ်။ ဟိုးအရင်တုန်းကတည်း က အခုကျင်းပတာ အနှစ်သာရ မတူပါဘူး။ ကျင်းပတဲ့အခင်းအကျင်းရော ကျယ်ပြန့်မှုအပိုင်းတွေရော မတူပါဘူး။ ဒေသခံတွေကလည်း ရိုးရာယဉ်ကျေးမှု ဗဟိုကနေချမှတ်ထားတဲ့ ပွဲ ကျင်းပရေးရည်ရွယ်ချက်ငါးချက်ချမှတ်ထား ပြီး ပွဲတော်ကိုကျင်းပလာခဲ့ပြီးတော့ တစ်နှစ် နဲ့တစ်နှစ် မတူညီအောင် ကျင်းပလာပါတယ်။ အရင်တုန်းက ကျင်းပရတာ သွားလာခက်ခဲ တာတွေ၊ အရင်ကပွဲလုပ်မယ်ဆိုရင် နှစ်လသုံး လလောက် လုပ်ကြရတယ်။ အရင်ကတော့ ဒေသခံပြည်သူတွေရဲ့ လုပ်အားတွေ သုံးရတယ်။ ပြည်သူတွေ လုပ်ချင်သည်ဖြစ်စေမလုပ်ချင်သည်ဖြစ်စေ ပွဲဖြစ်မြောက်အောင် လုပ်ပေးကြရတယ်။ အခုတော့ မဖြစ်မနေလုပ်ရတာ မရှိဘူး” ဟု နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသေ လဟယ်မြို့မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကယ်က ပြောကြားသည်။
ယင်းအပြင် နာဂရိုးရာယဉ်ကျေးမှုအမွေ အနှစ်များကိုလည်း ဖော်ထုတ်ထိန်းသိမ်းခြင်း များ ပြုလုပ်ရန်ရှိကြောင်း၊ ပွဲတော်ပြုလုပ်ရခြင်း မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကို ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တွင် ကျင်းပသွားမည်ဟု သိရသည်။
နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၄ ရက်တွင် ကျင်း ပမည်ဖြစ်ပြီး ရိုးရာနှစ်သစ်ကူး ပွဲတော်အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပမည်ဟု သိရသည်။
အဆိုပါပွဲတော်တွင် ဌာနဆိုင်ရာပြခန်း များ၊ ရိုးရာဓလေ့ထုံးစံပြခန်းများ၊ အားကစား ပြိုင်ပွဲများ၊ ရိုးရာအကများ၊ ခေတ်ပေါ်စတိတ်ရှိုးပွဲများ၊ မီးပုံပွဲများကို ထည့်သွင်းကျင်းပသွား မည်ဖြစ်ပြီး နာဂဒေသအတွင်းရှိ နာဂများ တက်ရောက်ကြမည်ဟု သိရသည်။
“ပွဲတော်ကျင်းပရတဲ့ အနှစ်သာရက အရင်ကဆိုရင် နာဂဒေသမှာ တစ်ရွာနဲ့တစ်ရွာ၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့တွေက တစ်မြို့နဲ့ တစ်မြို့ သွားလာဆက်ဆံဖို့ မလွယ်ပါဘူး။ ပွဲတော်ကျင်းပမှသာ နာဂညီအစ်ကိုတွေ တွေ့ဆုံရပြီး နာဂတွေ တစ်စုတစ်စည်းထဲဖြစ်အောင် ပွဲတော် ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ ပွဲတော်ရဲ့ အနှစ်သာရကတော့ စည်းလုံးညီညွတ် မှု အင်အားကိုအဓိကဖော်ဆောင် ဆောင်ရွက် နေတာပါ ။ ကျွန်တော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလုပ်နေတာကတော့ နှစ်စဉ် ကျင်းပနေတဲ့ ပွဲတော်ဖြစ်ပါတယ်။ ခန္တီးမြို့မှာ လုပ်နေတာ နှစ်၃၀ ပြည့် နှစ်အဖြစ် ကျင်းပနေတာဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ကွဲပြားမှု မရှိပါဘူး ။ လဟယ်မှာလုပ်တဲ့ နာဂပွဲတော်မှာ အစိုးရအဖွဲ့အနေနဲ့က ဒီပွဲတော်ကိုထိထိမိမိ ကျင်းပနိုင်အောင် ပံ့ပိုးပေးတာပဲရှိပါတယ်။ ရိုးးရာနဲ့ ပတ်သက်တဲ့ကဏ္ဍတွေ အားလုံးကို သူတို့ ဖော်ဆောင်ချင်တဲ့ ရိုးရာတွေကိုရိုးရာ အဖွဲ့အစည်းတွေက ဦးဆောင်လုပ်နေတာပါ။ ဒီပွဲက နိုင်ငံတော်အဆင့်ပွဲဖြစ်တဲ့အတွက်နိုင်ငံ တော်အဆင့် သမ္မတကြီးနဲ့ ဌာနဆိုင်ရာတွေ အတွက် ဘေးကင်းလုံခြုံမှုကိုသာ ဆောင်ရွက် နေတာပါ။ ရိုးရာဖော်ထုတ်ရေးအပိုင်းကို ရိုးရာအဖွဲ့က တာဝန်ယူထားတာပါ” ဟု နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနာဂဦးစီးမှ လူမှုရေးတာဝန်ခံ ဦးကာစီယန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
