မန္တလေးတက္ကသိုလ် ကျောင်းသား သပိတ်အား အမြန်ဆုံးဖြေရှင်းပေးရန်နှင့် တက္ကသိုလ်အား စိတ်တိုင်းကျ ခြယ်လှယ် ဖိ နှိပ်အကျိုးစီးပွားရှာနေသော ကျောင်းအာဏာ ပိုင်များအား အမြန်ဆုံးအရေးယူပေးရန် ကျောင်းသားသမဂ္ဂ ကိုးခုမှ စုပေါင်း၍ ကြေ ညာချက်ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၁၂ ရက်က ကြေညာချက် ထုတ်ပြန်ထားပြီး ယင်ကြေညာချက်တွင် မန္တလေးတက္ကသိုလ်ကျောင်း အာဏာပိုင်များ ၏ ဖိနှိပ်ချုပ်ချယ်နေမှုကို òန်ကြားချက် ထုတ် တားမြစ်ပေးရန်၊ ဥပဒေချိုးဖောက်၍ တက္ကသိုလ်ကို မိမိစိတ်တိုင်းကျ ခြယ်လှယ်ဖိနှိပ် အကျိုးစီးပွားရှာနေသော ကျောင်းအာဏာပိုင်များအား အမြန်ဆုံး အရေးယူပေးရန် နှင့် မန္တလေးတက္ကသိုလ်ကျောင်းသား သပိတ် အား အမြန်ဆုံးထိရောက်စွာဖြေရှင်း ဆောင်ရွက်ပေးရန် ပညာရေးဝန်ကြီးဌာနအား တောင်း ဆိုထားကြသည်။
ထို့ပြင် ဆက်လက်၍ ဘက်လိုက်အချိန်ဆွဲမှုများဖြင့် မတရားမှုအား ဖုံးကွယ် ဆောင်ရွက်နေပါက ယင်းတို့ဘက်မှ ပြင်းပြင်း ထန်ထန်တုံ့ပြန်သွားမည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။
ယင်းကြေညာချက်အား ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ၊ ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ များ အဖွဲ့ချုပ်)၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ဆေးတက္ကသိုလ် ၂ ရန်ကုန်ကျောင်းသားများ သမဂ္ဂ၊ ဆေးဝါးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်း သားများသမဂ္ဂ(ရွာသာကြီး)၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂနှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ ထုတ်ပြန်ခြင်းဖြစ်သည်။
မန္တလေးတက္ကသိုလ်တွင်း တင်ဒါခေါ် ယူခြင်းမရှိဘဲ Food Court တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ပါမောက္ခချုပ်ကို မန္တလေး တက္ကသိုလ် ကျောင်းသားသမဂ္ဂက စက်တင်ဘာ ၂ ရက်မှ ၈ ရက် အထိ ဆန္ဒပြခဲ့သည်။
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းသည် နိုင်ငံတော်သမ္မတညွန်ကြားချက်အား ချိုးဖောက်ပြီး ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား လုပ်ကိုင်ခွင့်ပေးထားသည့် ကိစ္စအားနှင့် ပက်သက်ပြီး ဌာနဆိုင်ရာ စစ်ဆေးမှုအဖွဲ့ကို စက်တင်ဘာ ၆ ရက်တွင် ပညာရေးဝန်ကြီးဌာနက ဖွဲ့ စည်းခဲ့သည်။
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အား ဌာနအတွင်း စစ်ဆေးမှုကို စက်တင်ဘာ ၆ ရက်တွင် စတင်စစ်ဆေးခဲ့သည်။
ဌာနဆိုင်ရာ စစ်ဆေးမှုတွင် ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ဥက္ကဋ္ဌ၊ စာစစ် ဦးစီးဌာနမှ òန်ကြားရေးမှူးချုပ် ဦးမျိုးညွန့် က အဖွဲ့ဝင်၁ နှင့် မော်လမြိုင်တက္ကသိုလ်မှ ပါ မောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန် က အဖွဲ့ဝင် ၂ အဖြစ် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။
ယင်းဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ သည် အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်သုံးသပ်ချက်နှင့် သဘောထားဖော်ပြချက်များပါရှိသည့် အစီရင်ခံစာအမှုတွဲကို ဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်သည်။
ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာ ၇ ရက် နှင့် ၈ ရက်နေ့များတွင် ပထမအကြိမ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စက်တင်ဘာ၂၈ ရက်တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနတွင် မန္တလေး တက္ကသိုလ်စီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့် Oriental House ပိုင်ရှင်တို့ နောက်ဆုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းစုံစမ်းစစ်ဆေးမှုသည် လေးလနီးပါးကြာမြင့်သည့်တိုင် အရေးယူမှုများ ပြုလုပ် ခြင်းမရှိသောကြောင့် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက ဇန်နဝါရီ ၉ ရက်တွင် စတင်ကာ သပိတ်စခန်းအား ပြန်လည်ဖွင့်လှစ် လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
