ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Digital နည်းပညာအသုံးပြု၍ ခရီးသွားကဏ္ဍမြှင့်တင်ရန် ခရီးသွားအထောက်အကူ QR Codeများနှင့် Digital Concierge System-Beta Version တပ်ဆင်ထား ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
QR Code စနစ်အသုံးပြုခြင်းဖြင့် ခရီးသည်များသည် သတင်းအချက်အလက်များ ကို ကိုယ်တိုင်တိုက်ရိုက်သယ်ဆောင်နိုင်မည်ဖြစ်ပြီး အချိန်ကုန်လူပင်ပန်းသက်သာ စေနိုင်မည်ဖြစ်သည်။ ဘာသာစကားများကို ၁၁ မျိုးထည့်သွင်းထားသောကြောင့် မိမိလိုအပ်သည့် ဘာသာစကားကို အဆင်ပြေ လွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်သည်။
“ကျွန်တော်တို့ သတင်းအချက်အလက် နဲ့ပတ်သက်လို့ အရင်က ကျွန်တော်တို့သုံးနေ တဲ့ မန်မိုရီစတစ်တွေ၊ စီဒီတွေအစား ခရီးသည်တွေက တိုက်ရိုက်သတင်းအချက်အလက်တွေကို ယူဆောင်နိုင်တဲ့ QR Code စနစ် ကို Information Counter တွေမှာ တပ်ဆင်ပေးထားမယ်။ ဘာသာစကားကိုလည်း ၁၁မျိုးအထိ လုပ်ပေးထားမယ်။ အဲဒါလေးတွေ ကို သူတို့ကိုယ်တိုင်ယူလို့ရတဲ့အတွက် Information Counter မှာလည်း စက္ကူတွေ စာရွက်တွေ မသုံးတော့ဘူး။ ဒီ QR Code စနစ်က တခြားအရာတွေထက် ပိုပြီး အကျိုးရှိမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။
Information Counter တွင် QR Code System ကို ထားရှိပေးထားမည်ဖြစ်ပြီး ခရီးသည်များသည် မိမိတို့၏ ဖုန်းများဖြင့် လွယ်ကူစွာကြည့်ရှုနိုင်မည် ဖြစ်သည်။ အဆိုပါ စနစ်တွင် မြန်မာနိုင်ငံ၏ သတင်းအချက်များ၊ စားသောက်ဆိုင်များ၊ တက်စီ၊ ဟိုတယ် သတင်းအချက်အလက်များကို အလွယ်တကူ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ ဒါကိုလုပ်လိုက်ခြင်းအားဖြင့် ဝန်ထမ်းအင်အား သက်သာမယ်။ တကယ် ခရီးသည်တွေ ပြုံကျလာရင် သတင်းအချက် အလက်တွေကို Information Counter မှာ QR Code ကို ထားထားလိုက်ခြင်းနှင့် ခရီးသည်က အလွယ်တကူပဲ သူသိချင်တာတွေ ကို သိရမယ်။ ဒီတော့ ဝန်ထမ်းအင်အား သက်သာသလို လာတဲ့ဧည့်သည်တွေ အနေနဲ့လည်း အချိန်ကုန်တွေ သက်သာမယ်။ တကယ်မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို လည်း မြန်မြန်ဆန်ဆန်ရမယ်” ဟု ရန်ကုန် တိုင်းဒေသကြီးဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကရင်တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဥ္စာမျိုး က ပြောကြားသည်။
အဆိုပါ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ Information Counter တွင် စတင်အသုံးပြုမည့် ခရီးသွားအထောက်အကူပြု QR Code များနှင့် Digital Concierge System-Beta Version တပ်ဆင်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ပြု လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့မှ တက်ရောက်ခဲ့ ကြပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ရှိ Information Counter တွင် စတင်အသုံး ပြုမည့် ခရီးသွားအထောက်အကူပြု QR Code များနှင့် Digital Concierge System-Beta Version စနစ် အသုံးပြုခြင်းအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ခရီးသွားအထောက်အကူပြု QR Code များနှင့် Digital Concierge System-Beta Version ကို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒီဇင်ဘာ၂၅ ရက်က စတင်တပ်ဆင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
