သတင်းရယူသည့်ကိစ္စများနှင့်အခမ်းအနားများတွင် သတင်းဖော်ပြရန် မီဒီယာ သမားအချို့ ငွေကြေးတောင်းခံမှုများရှိသည် ဟုဇန်နဝါရီ ၁၃ရက်တွင် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် သတင်းမီဒီယာသမားအချို့သည် သတင်းရယူသည့်ကိစ္စများ တွင်လည်းကောင်း၊ အခမ်းအနားများတွင် လည်းကောင်း သတင်းရယူဖော်ပြရန် ငွေကြေးတောင်းခံနေမှုများ ရှိနေကြောင်း ဖော်ပြထားသည်။
ထို့ပြင်သတင်းမီဒီယာဥပဒေပုဒ်မ ၃ (ခ) အရသတင်းမီဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာ ရပ်တည်နိုင်စေရန်ဖော်ပြထားပြီး ဒီမိုကရေစီနိုင်ငံတွင် သတင်းမီဒီယာသည် စတုတ္ထမဏ္ဍိုင်အဖြစ် အများပြည်သူများယုံကြည်မှုရှိစေရန် အတွက် သတင်းမီဒီယာသမားများသည် ပြဋ္ဌာန်းထားသည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်များကို တိကျစွာ လိုက်နာရန်တာဝန်ရှိကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာဥပဒေ ပုဒ်မ(၁၂)အရ သတင်းမီဒီယာသမားများနှင့် ပတ်သက်ပြီး သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့်တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်း မီဒီယာကိုစောင့်ကြည့်ခြင်း၊ သတင်းမီဒီယာသမားများ၊ စာနယ်ဇင်းအသင်းအဖွဲ့များက သတင်းမီဒီယာကျင့်ဝတ် ဖောက်ဖျက်မှုများ ရှိလာပါက သတိပေးခြင်းကို ဆောင်ရွက်ပြီး သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများအရ အခွင့်အာဏာရှိကြောင်း၊ သတင်းမီဒီယာသမားများသည် ပြဋ္ဌာန်းထားသည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့်စည်း ကမ်းများကို တိကျစွာလိုက်နာရန်လိုအပ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ခေါ်ယူ တွေ့ဆုံသတိပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် သတင်းမီဒီယာသမားများ နှင့် သတင်းမီဒီယာအဖွဲ့အစည်းများတွင် ကျင့်ဝတ်နှင့်မညီသော လုပ်ဆောင်မှုများ တွေ့ရှိပါက မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ (အီးမေးလ် mmprescoun cil@gmail.com ၊ ဖုန်း- ၀၉၄၄၈၀၂၆၃ ၂၆) သို့ တိုင် ကြားနိုင်ပြီး လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ရေး အတွက် တိုင်ကြားသူ၏ အမည်ကိုလည်းလျှို့ဝှက်ပေးထားမည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်သည်။
“နိုင်ငံရေးပါတီတွေများလာတော့ အချို့သောပါတီတွေက သတင်းမီဒီယာသမားတွေ အပေါ် လာဘ်ပေးလာဘ်ယူကိစ္စတွေပါလာမယ်။ ဘက်လိုက်ရေးသားမှုတွေ ကြိုးစားကြမယ်။ အဲဒီလိုအရာတွေဟာ ရှေးရွေးကောက် ပွဲတွေမှာလည်း ကြုံခဲ့ဖူးတယ်။ အဲဒါမျိုးတွေ မဖြစ်ပေါ်အောင် ကျွန်တော်တို့အတတ်နိုင်ဆုံး စည်းကမ်းတကျ မီဒီယာဥပဒေရဲ့ကျင့်ဝတ် စည်းကမ်းတွေအတိုင်း သတင်းထောက်တွေ အားလုံး လိုက်နာနိုင်အောင်ကြိုးစားမယ်” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က ပြောကြားသည်။
နယ်မြို့များရှိ မီဒီယာသမားအချို့က ငွေကြေးတောင်းခံမှုများရှိနေကြောင်း၊ မြို့ ပေါ်များတွင် သတင်းစာရှင်းလင်းပွဲများ၊ မိတ်ဆက်ပွဲများတွင် သတင်းပါနိုင်ရန် မည်မျှပေးရ မည်ဆိုသည့် တောင်းခံမှုများရှိနေကြောင်း သတင်းမီဒီယာကျင့်ဝတ်နှင့်ဖွံ့ဖြိုးရေးကော်မတီအတွင်းရေးမှူး ဦးဇေယျာလှိုင်က ပြောကြားသည်။
“ငွေကြေးတောင်းခံမှုကိစ္စပေါ့။ နယ်တွေမှာတော့ မှုခင်းနဲ့ပတ်သက်တဲ့သတင်းတွေလိုက်တဲ့လူတွေပေါ့။ မှုခင်းဖြစ်တဲ့အခါ မှာအမှုပွဲစားလိုလိုနဲ့ ပိုက်ဆံယူမှုတွေရှိတာ ပေါ့လေ။ မြို့ပေါ်မှာကျတော့ သတင်းပါဖို့ အတွက်ကို ပိုက်ဆံတောင်းတဲ့ကိစ္စတွေ ကျွန်တော်တို့ကြားရတယ်” ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
