Top News

သမိုင်းဝင်အမွေအနှစ်နေရာအား တန်ဖိုးမထားဘဲ စီးပွားရေးအတွက်သာပြုမူခြင်းမျိုးမဖြစ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဝန်ကြီးများရုံးနေရာငှားရမ်းထားသူများကို ကြပ်မတ်သင့်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ပြောကြား
24htopnews | October 21, 2024 8:12 AM CST

သမိုင်းဝင်အမွေအနှစ်နေရာအား တန်ဖိုးမထားဘဲ စီးပွားရေးအတွက်သာ ပြုမူခြင်းမျိုးမဖြစ်စေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ဝန်ကြီးများရုံးနေရာ ငှားရမ်းထားသူများအား ကြပ်မတ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ၊ ပုဇွန်တောင်မြို့ နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။

ဇန်နဝါရီ ၁၃ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာ ရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အား ဦးတင့်လွင်က လွှတ်တော်သို့ တင်ပြရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“သမိုင်းဝင် မြို့ပြအမွေအနှစ်တစ်ခုကို  ပြတိုက်သဘောအဖြစ် အမှန်တကယ် အကျိုးပြုဆောင်ရွက်ခြင်းဖြစ်ခဲ့ပါလျှင် ငှားရမ်းခ များအပေါ်များ၌ စီးပွားရေးဆန်ဆန်တွက်ချက်တောင်းခံရန် မသင့်သည်မှာ မှန်သော်လည်း၊ ငှားရမ်းသူအနေနဲ့ သမိုင်းဝင်အမွေ အနှစ်နေရာကို တန်ဖိုးမထားဘဲ စီးပွားရေး အကျိုးအမြတ်အတွက်သာ ရည်မှန်းလျက်၊ ဆောင်ရွက်ခြင်းမျိုးမဖြစ်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ဖို့ အကြံပြုအပ်ပါတယ်”ဟု ဦးတင့်လွင်က ပြောကြားသည်။

ဝန်ကြီးများရုံးအား လုပ်ကိုင်ခွင့်ရရှိသည့် အနော်မာကုမ္ပဏီအနေဖြင့် လုပ်ငန်း အကောင်အထည်ဖော်မည့်ကာလနှင့် ပြင်ဆင်ခြင်းကာလများကို နှစ်ဦးနှစ်ဖက် သဘောတူစာချုပ် ပြန်လည်ချုပ်ဆိုမှုမရှိသည့်အပြင် ငှားရမ်းခငွေကြေးပေးသွင်းရန် နောက်ကျမှုကိုလည်း အစိုးရအဖွဲ့အနေဖြင့် နောက်ကျကြေးကောက်ခံမှုမရှိဟု ရန်ကုန် တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်း လှက ဒီဇင်ဘာ ၈ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြား ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ပိုင် ဗိုလ်တထောင်မြို့နယ် ဧရိယာ ၁၅ ဒသမ ၉၆၃ ဧက ပေါ်ရှိ ဝန်ကြီးများရုံး မြေနေရာ အဆောက်အအုံကို ပြတိုက်အပါအဝင်၊ အခြားသော ဝန်ဆောင်မှုလုပ်ငန်းများအတွက် BOT  စနစ်ဖြင့် အနော်မာကုမ္ပဏီအား ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ရက်မှ ၂၀၆၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက် အထိ နှစ် ၅၀ စာချုပ်ချုပ်ဆိုငှားရမ်းထားကြောင်း၊ စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များတွင် ငှားရမ်းခပေးချေခြင်းနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ငှားရမ်းခကင်းလွတ်ခွင့်ပြုထားသည့် ပြုပြင်မွန်းမံကာလ ၂၄ လပြည့်မြောက်သော်လည်း   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြင်ဆင်မွမ်းမံကာလအား ၂၀၁၈ ခုနှစ် ဇွန် ၂၈ ရက်အထိ တိုးမြှင့်ခဲ့ကြောင်း၊ စာချုပ် အပိုဒ် ၉ တွင် သတ်မှတ်ရက်အတွင်းပေးသွင်းခြင်း မရှိပါက ငှားရမ်းခငွေ၏ ၁၀ ရာခိုင်နှုန်းအား ဒဏ်ကြေးအဖြစ် ပေးသွင်းရမည်ဖြစ်ကြောင်း စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

ထိုသို့ပြင်ဆင်ချက်များအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သဘောတူမှသာ အတည်ဖြစ်ပြီး သဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မှတ်ယူရမည်ဟုဖော်ပြထားကြောင်း၊ အထက်ပါစည်းကမ်းချက်များ နှင့်ပတ်သက်ပြီး ဆောင်ရွက်ထားမှုရှိ မရှိအား ၂၀၁၉ ဇန်နဝါရီ ၂၉ ရက်တွင် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံးက မေးမြန်းမှုများပြုလုပ်ခဲ့ ကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။

“လျှို့ဝှက်လွှာနဲ့မေးမြန်းတဲ့အခါ လုပ်ငန်းအကောင်အထည်ဖော်မယ့်ကာလကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်မှုမရှိပါဘူး။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြင်ဆင်မွမ်းမံကာလကို ၂၀၁၇ ဇွန် ၂၉ ရက်ကနေ ၂၀၁၈ ဇွန် ၂၈ ရက်အထိ လုပ်ငန်းပြင်ဆင်ကာလကို တစ်နှစ်တိုးမြှင့်ခွင့်ပြုထားသော်လည်း နှစ်ဦးသဘောတူစာချုပ်များ ချုပ်ဆိုထားမှုမရှိကြောင်းကို ပြန်ကြားထားပါတယ်။ မူလငှားရမ်းခ သဘောတူစာချုပ်မှာ ငှားရမ်းခ ကျပ်သန်း ၃၀၀ ကို တစ်လ ၂၅ သန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေစာရင်းသို့ ပေးသွင်း ရမည်ဖြစ်သော်လည်း ပေးသွင်းထားမှုမရှိတဲ့ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၇ နိုဝင်ဘာ ၁၅ ရက်စွဲပါ စာအမှတ်၊ ၂၀၁၇ ဒီ ဇင်ဘာ ၂၈ ရက်တွေမှာ ငှားရမ်းခတစ်နှစ်စာ ကျပ်သန်း ၃၀၀ ပေးသွင်းရန် နှိုးဆော် အကြောင်းကြားစာ နှစ်ကြိမ်ပေးပို့ထားတာကိုတွေ့ရပါတယ်။ သို့သော် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်ဆေးချိန် ၂၀၁၈ နိုဝင်ဘာကနေ ၂၀၁၉ ဇန်နဝါရီအထိ ပေး သွင်းထားခြင်းမရှိဘဲ ၂၀၁၉ ဧပြီ ၂ ရက်မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပေးသွင်းထားတာကိုတွေ့ရပါတယ်။ သတ်မှတ် ကာလအတွင်း ငှားရမ်းခပေးသွင်းခြင်းမရှိတဲ့အတွက် စာချုပ်အပိုဒ် ၉ ပါ စည်းကမ်းချက်အရ ငှားရမ်းခရငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးကောက်ခံထားခြင်းမရှိပါဘူး”ဟုဒေါ်ခင် သန်းလှက ပြောကြားသည်။

အနော်မာအနုပညာအဖွဲ့ ကုမ္ပဏီလိ မိတက်သို့ BOT စနစ်ဖြင့် ဝန်ကြီးများရုံးမြေ နှင့် အဆောက်အအုံအား ပြတိုက်အပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းများအဖြစ် အသုံးပြုရန် ငှားရမ်းခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စာချုပ် အပိုဒ် ၈ (ဂ)နှင့် အပိုဒ် ၁၅ ပါ  စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် လို အပ်ခြင်းနှင့် စာချုပ် အပိုဒ် ၈ (က) ပါ  ငှားရမ်း ခနှုန်းထားများ စတင်ကောက်ယူမည့်နေ့သည် လုပ်ငန်းစတင်ဆောင်ရွက်သည့်နေ့ ဖြစ်သည်ဟု ထည့်သွင်းချုပ်ဆိုထားခြင်းသည် အငှားချထားခြင်းခံရသူအပေါ် အထူးအခွင့် အရေးပေးနေသည့် သဘောသက်ရောက်နေခြင်းနှင့် နိုင်ငံတော်ရငွေများ သတ်မှတ်ကာလ အတွင်း အပြည့်အဝရရှိ ရေးဆောင်ရွက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီစာရင်း စစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

၂၀၁၉ ခုနှစ်တွင် ဝန်ကြီးများရုံးအတွင်း ှစေ လုပ်ငန်းပါဝင်သည့် ကျန်းမာရေးစင်တာနှင့် ယစ်မျိုးလိုင်စင်လျှောက်ထားမှု အတွက် ပြည်သူများက ဝေဖန်မှုများထွက်ပေါ် ခဲ့ပြီး Spa လုပ်ငန်းပါဝင်သည့် ကျန်းမာရေးစင်တာမှာ ပြန်လည်ပိတ်ခဲ့သည်။


READ NEXT
Cancel OK