Top News

လှိုင်သာယာမြို့နယ်အတွင်း လှည့်လည်၍ လုယက်မှုနှင့်ခိုးမှုများကျူးလွန်နေသူနှစ်ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ
24htopnews | October 21, 2024 8:12 AM CST

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်အတွင်း လှည့်လည်၍ လုယက်မှုနှင့် ခိုးမှုများကျူးလွန်နေသူနှစ်ဦးကို မူးယစ်ဆေး ၀ါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိသူနှစ်ဦးမှာ လှိုင်သာယာမြို့ နယ်နေ ဇေယျာ (ခ) သူရနှင့် ၎င်းင်း၏ဦးလေး ဝင်းထွန်းဝင်း(ခ) ဝင်းထွန်းအောင်(ခ) ရခိုင်ဆိုသူတို့ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်၊ (၁)ရပ် ကွက်နေ မ..... သည် ၎င်းင်း၏ခင်ပွန်းနှင့်အ တူ ဇန်နဝါရီ ၄ ရက် ည ၇ နာရီခန့်က လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်း လာစဉ် အမှတ်(၁/ ၁၀)စျေးအရောက်ဆိုင် ကယ်ဖြင့်လူနှစ်ဦးရောက်ရှိလာပြီးမ... လက်တွင်ကိုင်ထားသည့် ပိုက်ဆံအိတ်အား လုယက်ကာထွက်ပြေးခဲ့ကြောင်း သိရသည်။

ထိုသို့ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်ရာတွင် ပါ ဝင်သည့် ဇေယျာ(ခ)သူရဆိုသူကို မရမ်းကုန်းမြို့နယ် ကုလားကျောင်းမှတ်တိုင်အနီး၊ အောင်သိပ္ပံအပေါ်လမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးမှာ လုယက်သွားသည့် ပိုက်ဆံအိတ်နှင့်အတူ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာရဲစခန်းသို့ သွားရောက်တိုင်တန်းအမှုဖွင့်ခဲ့ပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ရာ လွတ်မြောက်နေသူမှာ ဇေယျာ(ခ)သူရ၏ ဦးလေးတော်စပ်သူ ဝင်းထွန်းဝင်း (ခ) ဝင်းထွန်းအောင် (ခ) ရခိုင် ဖြစ်သည်ဟု သိရှိခဲ့ကြောင်း၊ ယင်းနောက် လိုက်လံဖမ်းဆီးခဲ့ရာ ၎င်းင်းကို ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ် မန္တလးလမ်းနှင့် ဦးပုညလမ်းထောင့်တွင် ဖုန်း တစ်လုံး၊ ငွေကျပ် ၃၀၀၀၀၊ ကြွပ်ကြွပ်အိတ် ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ငါးပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်း ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ) ဖြင့် အမှုဖွင့်ထပ်မံရေးဖွင့်ကာ အခြား ပြစ်မှုများရှိ မရှိ ဆက်လက်စစ်ဆေးခဲ့သည်။

စစ်ဆေးရာ ၎င်းတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက လှိုင်သာယာ မြို့နယ် (၁၅)ရပ်ကွက်၊ ဝန်ထမ်းကြီးများအိမ်ရာပတ်လမ်းတွင်ဆိုင်ကယ်စီး အမျိုးသမီး တစ်ဦးထံမှ ဖုန်းတစ်လုံးလုယက်ခဲ့ကြောင်း နှင့် (၁၉) ရပ်ကွက်အတွင်းရှိ လမ်းဘေးတစ် နေရာတွင်ရပ်ထားသော ဆိုင်ကယ်တစ်စီး တို့ကို ခိုးယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ ရာ သက်သေခံပစ္စည်း များကို ပြန်လည်သိမ်း ဆည်းနိုင်ခဲ့ပြီး ကျူးလွန်သူနှစ်ဦးအား ဥပဒေ နှင့်အညီ အရေးယူမည်ဖြစ်ကြောင်း သိရသည်။                                          

 


READ NEXT
Cancel OK