Top News

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ကုဗမီတာ ၂၄ ဘီလျံကျော်တင်ပို့ခဲ့ပြီး ကုဗမီတာလေးသန်းကျော်ကို မြန်မာနိုင်ငံအတွက်ပို့လွှတ်ကာ ရေနံစိမ်းတင်ပို့မှုအဖြစ် တန်၂၅ သန်းကျော်တင်ပို့ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ရေနံ
24htopnews | October 21, 2024 8:12 AM CST

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ ရက်ပေါင်း ၂၃၆၀ အတွင်း တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂၄ ဘီလျံကျော်တင်ပို့ခဲ့ပြီး ကုဗမီတာလေးသန်းကျော်ကို မြန်မာနိုင်ငံအတွက် ပို့လွှတ်ကာ ရေနံစိမ်းတင်ပို့မှုအဖြစ် ၁၁၇၇ ရက်အတွင်း တရုတ်နိုင်ငံသို့ တန် ၂၅ သန်း ကျော် တင်ပို့ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ရေနံစိမ်းချက်လုပ်ရန် စက်ရုံမရှိသဖြင့်ပို့လွှတ် နိုင်မှုမရှိဖြစ်နေကြောင်း SINO-Pipeline International Company ၊ CNPC South East Asia Pipeline Company Limited က ရန်ကုန်မြို့ရှိ  Melia ဟိုတယ်တွင် ဇန်နဝါ ရီ ၁၃ ရက်ကမိတ်ဆက်ခဲ့သည့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း အထူးအစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ စတင်တင်ပို့မှုမှာ၂၀၁၃ ခုနှစ် ဇူလိုင် ၂၈ ရက်တွင်စတင်ခဲ့ပြီး စက်တင်ဘာ ၇ ရက် တွင် မြန်မာနိုင်ငံအတွက် ခွဲဝေထုတ်လွှတ်ပေး ခဲ့သည်။ ထိုသို့ ခွဲဝေပို့လွှတ်မှုများကြောင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ရက် ပေါင်း ၂၃၆၀ အတွင်းတရုတ်နိုင်ငံသို့သဘာဝ ဓာတ်ငွေ့ကုဗမီတာ ၂၄ ဒသမ ၆၅၆၁ ဘီလျံ ပို့လွှတ်ခဲ့ပြီး မြန်မာနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၄ ဒသမ ၀၇၈၈ သန်း ပို့လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၃၀ တွင် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းလုပ်ငန်း စမ်းသပ်ခဲ့ပြီး နိုင်ငံတကာစျေးကွက်များမှ သယ်ဆောင်လာသည့် ရေနံစိမ်းကို မဒေးကျွန်းဆိပ်ကမ်းတွင် စတင်လက်ခံနိုင်ခဲ့ သည်။ အဆိုပါဆိပ်ကမ်းမှာ မြန်မာပြည်အတွင်း တည်ဆောက်အသုံးပြုနိုင်သည့် ပထမဆုံး ခေတ်မီအပြည်ပြည်ဆိုင်ရာ ရေနံစိမ်းတင်ချ ဆိပ်ကမ်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက် တွင် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း လုပ် ငန်းစတင်လည်ပတ်ရေး သဘောတူစာချုပ် ဘေဂျင်းတွင် လက်မှတ်ရေးထိုးခဲ့ကာ မေ ၂ ရက်တွင် စတင်လည်ပတ်ပြီး မေ ၁၉ ရက်တွင် ရေနံစိမ်းမှာ နမ့်ခမ်းမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပထမဆုံးရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ အတားအဆီးမရှိ ပို့လွှတ်ခဲ့မှု ကြောင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ရက်ပေါင်း ၁၁၇၇ ရက်အတွင်း မဒေးကျွန်း ဆိပ်ကမ်းတွင် ရေနံတင်သင်္ဘော ၁၀၄ စင်း ဆိုက်ကပ်ကာ တင်ပို့တင်ချသည့် ရေနံစိမ်း တန်သန်းပေါင်း ၂၆ ဒသမ ၁၃၂၅ တန်မှ တရုတ်နိုင်ငံသို့ တန် ၂၅ ဒသမ ၇၁၁၁ သန်း တင်ပို့ပေးခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့တင်ပို့ရာ တွင် လုပ်ငန်း၏ ပထမပိုင်းကာလ၌ ဓာတ်ငွေ့ ပေးပို့မည့်ပမာဏမှာ တစ်နှစ်လျှင် ၅ ဒသမ ၂ ဘီလျံကုဗမီတာဖြစ်ပြီး ဒုတိယပိုင်းကာလ တွင် တစ်နှစ် ကုဗမီတာ ၁၂ ဘီလျံအထိတိုးမြှင့်နိုင်မည်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချုပ်အရ မြန်မာနိုင်ငံအတွင်း ကျောက်ဖြူ၊ ရေနံချောင်း၊ တောင်သာနှင့် မန္တလေး စသည့်နေရာလေးခုတွင် သဘာဝဓာတ်ငွေ့ပို့လွှတ်ရေးစခန်းလေးခု တည် ဆောက်ကာ တစ်နှစ်လျှင် ပြည်တွင်းအတွက် ရာခိုင်နှုန်း ၂၀ ထက်မများသော သဘာဝ ဓာတ်ငွေ့ကို ထုတ်လွှတ်ပေးရမည်ဖြစ်သည်။ ထို့အတူ ရေနံစိမ်းပိုက်လိုင်းတွင် စီမံကိန်း ပထမပိုင်းကာလအတွင်း ရေနံပို့လွှတ်မည့် ပမာဏမှာ တစ်နှစ်တန်ချိန် ၁၂ သန်းဖြစ်ပြီး ဒုတိယပိုင်းကာလတွင် တစ်နှစ်လျှင်တန်ချိန် ၂၂ သန်းအထိ တင်ပို့မည်ဖြစ်ကာ မြန်မာနိုင်ငံ အတွင်းသုံးစွဲရန် တစ်နှစ်လျှင် ရေနံတန်ချိန် နှစ်သန်း ပို့လွှတ်မည်ဖြစ်သည်။ အဆိုပါ သဘောတူညီမှုကြောင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ရက်ပေါင်း ၂၃၆၀ အတွင်း တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ကုဗမီတာ ၂၄ ဒသမ ၆၅၆၁ ဘီလျံပို့လွှတ်ခဲ့ပြီး မြန်မာ နိုင်ငံသို့ သဘာဝဓာတ်ငွေ့ကုဗမီတာ ၄ ဒသမ ၀၇၈၈ သန်း ပို့လွှတ်ပေးကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ရက်ပေါင်း ၁၁၇၇ ရက်အတွင်း မဒေးကျွန်းဆိပ်ကမ်းတွင် ရေနံတင်သင်္ဘော ၁၀၄ စင်း ဆိုက်ကပ်ကာ တင်ပို့ တင်ချသည့် ရေနံစိမ်းတန်သန်းပေါင်း ၂၆ ဒသမ ၁၃၂၅ တန်မှ တရုတ်နိုင်ငံသို့ တန် ၂၅ ဒသမ ၇၁၁၁ သန်း တင်ပို့ပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသော်လည်း မြန်မာနိုင်ငံတွင် ရေနံစိမ်းချက်လုပ်မည့် စက်ရုံ အဆင်မပြေမှုကြောင့် ခွဲဝေပို့လွှတ်နိုင်မှု မရှိသေးချေ။

ထိုသို့ မြန်မာနိုင်ငံသို့ ရေနံစိမ်းပိုက် လိုင်းမှ တစ်နှစ်လျှင် အချိုးကျပို့လွှတ်မည့် ရေနံစိမ်းတန်ချိန်နှစ်သန်း ခွဲဝေပို့လွှတ်မှု မရှိသေးခြင်းကြောင့် အဆိုပါရေနံစိမ်းပိုက်လိုင်းစိီမံကိန်းမှာ တရုတ်နိုင်ငံအတွက်သာ ဖြစ်နေသည့်ပုံစံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွက် နစ်နာမှု ရှိမရှိကို အဆိုပါအစီရင်ခံ စာမိတ်ဆက်ပွဲသို့ တက်ရောက်လာသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးခရိန်နော်အောင်အား မေးမြန်းရာ ဦးခရိန် နော်အောင်က “အဲဒါနဲ့ပတ်သက်ရင်တော့ နောက်ပိုင်းကျရင် ဝန်ကြီးဌာနအစီအစဉ်နဲ့ လုပ်လာမှာပါ။ လူကြီးတွေစီစဉ်ပြီးတော့ ရ လာပြီဆိုရင်တော့ သွယ်တန်းပြီးတော့ အသုံး ပြုသွားမှာပါ”ဟု ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်ရေနံစိမ်း ပိုက်လိုင်းမှ ရေနံစိမ်းများကို တစ်နေ့လျှင် ဂါလန် ၄၀၀၀၀ ကို ဝယ်ယူသည့်စျေးရင်း အတိုင်း ပြန်လည်ရယူကာ ပြည်တွင်း၌ ချက်လုပ်ရန် စက်ရုံ မန္တလေးမြို့အနီး တည်ဆောက်မည်ဟု ကနဦးလျာထားခဲ့သော်လည်း လက်ရှိ အချိန်အထိ အဆိုပါ ရေနံချက်စက်ရုံတည် ဆောက်မည့်စီမံကိန်းမှာ အောင်မြင်ပြီး မြောက်မှုမရှိသေးကြောင်း သိရသည်။

 


READ NEXT
Cancel OK