Top News

ငါးနှစ်အောက်ကလေးများသေဆုံးရခြင်း၏ ၅၃ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့မှုနှင့် ဆက်နွှယ်နေဟုဆို
24htopnews | October 21, 2024 8:12 AM CST

နိုင်ငံတကာသုတေသနရလဒ်များအရ အာရှပစိဖိတ်ဒေသအတွင်း ငါးနှစ်အောက် ကလေးများ သေဆုံးရခြင်း၏ ၅၃ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့မှုနှင့် ဆက်နွှယ်နေ သည်ကိုတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

“နိုင်ငံတကာ သုတေသနရလဒ်တွေ အရ အာရှပစိဖိတ်ဒေသအတွင်းမှာ ငါးနှစ်အောက်ကလေးတွေ သေဆုံးရခြင်းရဲ့ ၅၃ ရာခိုင်နှုန်းက အာဟာရချို့တဲ့မှုနဲ့ ဆက်နွှယ်နေတယ်လို့သိရတယ်။ စစ်တမ်းတွေရဲ့ရလဒ် အရ ငါးနှစ်အောက်ကလေးတွေရဲ့ လေးယောက်မှတစ်ယောက်က ကာလတာရှည် အာဟာရချို့တဲ့တဲ့အတွက်ကြောင့် ပုညှက်ခြင်းအခြေအနေကို ခံစားနေရတယ်။ ပြီး တော့ ခြောက်ရာခိုင်နှုန်းသည် လတ်တလော အာဟာရချို့တဲ့မှုကြောင့် ပိန်လှီခြင်းကိုခံစား နေရပါတယ်။ ကလေးတွေမှာ အသက်အရွယ်အလိုက် ရှိသင့်တဲ့ အရပ်မရှိပဲ ပုညှက်နေ တာသည် ခြောက်လကနေ ရှစ်လအရွယ်အုပ်စုမှာ ၁၁ ဒသမ ၉ရာခိုင်နှုန်းစလိုက်တာ နှစ်နှစ်အောက်ကလေးတွေမှာ အမြင့်ဆုံးအထိ ဖြစ်သွားတယ်”ဟု အမျိုးသားအာဟာရနှင့် သုတေသနဌာနခွဲ ခေတ္တညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကလေးတစ်ထောင် မွေးဖွားလျှင် ကလေး ၅၀ ဦး သေဆုံးနေပြီး ၂၉ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့မှုကြောင့် ပုညှက်ခြင်းကိုခံစားနေရကြောင်းသိရသည်။

နာမကျန်းဖြစ်ခြင်း၊ ကူးစက်ရောဂါထူပြောချင်း၊ အစာအာဟာရ လုံလောက်စွာမစား သုံးရခြင်းတို့သည် လတ်တလောအာဟာရချို့တဲ့နိုင်ပြီး နေ့စဉ်ပြည့်မီအောင် မစားသုံး နိုင်ပါက ရေရှည်တွင် ပုညှက်ခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုနိမ့်ကျခြင်းစသည်တို့ ဖြစ်ပွားနိုင်သည်ကို တွေ့ရှိရကြောင်း သိရသည်။

ကျန်းမာရေးအချက်အလက်ဆိုင်ရာ အဖွဲ့အစည်း Healthdata.org  ၏လေ့လာချက်များအရ မြန်မာနိုင်ငံတွင် အာဟာရချို့ တဲ့မှုကြောင့် သေဆုံးမှုနှုန်းသည် ဒုတိယမြောက် အမြင့်မားဆုံးဖြစ်ကာ Iron Deficiency Anaemina(IDA) ဟုခေါ်ဆိုကြသော သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပွားသော သွေးအားနည်းရောဂါကြောင့် ကျန်းမာရေးချို့တဲ့ မှုနှုန်းသည်လည်း ပဥ္စမမြောက်အမြင့်မားဆုံး ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာတွင် ကလေးငယ်များ အာဟာရလုံလောက်စွာမရ ရှိမှုကြောင့် တိုင်းပြည်ထုတ်ကုန် GDP ၁၁ ရာခိုင်နှုန်းဆုံးရှုံးနေရကြောင်း လေ့လာဆန်း စစ်မှုများက သုံးသပ်တင်ပြထားကြောင်း သိရသည်။


READ NEXT
Cancel OK