ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) ၏ ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံသူ ၆၀၀၀ ကျော် ကျန်ရှိနေပြီး စားနပ်ရိက္ခာများနှင့် အကူအညီများ လိုအပ်နေကြောင်း SSPP က ထုတ်ပြန်သည်။
အဆိုပါ စစ်ဘေးရှောင်စာရင်းသည် အောက်တိုဘာ ၁၉ ရက်အထိ ရရှိထားသော စာရင်းသာဖြစ်ကြောင်း SSPP က ဆိုသည်။
လက်ရှိအချိန်တွင် ရှမ်းပြည်မြောက်ပိုင်း အချို့မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများအနေဖြင့် ၎င်းတို့၏နေအိမ်များသို့ မပြန်ရဲသေးဘဲ ဘေးလွတ်ရာ နေရာများသို့ တိမ်းရှောင်နေရကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဝမ်ဟိုင်းမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က အောက်တိုဘာ ၁၈ ရက်တွင် နောက်ထပ်တစ် ကြိမ် သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားသည့် မြို့နယ်များမှ SSPP ၏ ဝမ်ဟိုင်းမြို့ ဌာနချုပ်သို့ ထွက်ပြေးတိမ်းရှောင်ရောက်ရှိ ခိုလှုံကြသည့် စစ်ဘေးရှောင် ၁၁၃ ဦးအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ကျပ် သိန်း ၃၀ ကျော်တန်ဖိုးရှိ ဆန်၊ ဆား၊ ဟင်းချို မှုန့်၊ ခရမ်းချဉ်သီး၊ ကုလားပဲ၊ ဆီ၊ ကြာဆန်၊ အာလူးနှင့် ကြက်သွန်နီ အစရှိသည့် လိုအပ် သော စားသောက်ကုန်ပစ္စည်းများကို သွား ရောက်ကူညီပေးခဲ့ကြောင်း SSPP က ထုတ်ပြန် သည်။
ထို့ပြင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူ ကျေးရွာအုပ်စု နောင်ချိုဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိနေကြသည့် စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၂၆၂ ဦး အတွက် အောက်တိုဘာ ၃ ရက်တွင် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) က စားသောက် ကုန်ပစ္စည်းဖြစ်သည့် ဆန် ၂၄ အိတ်နှင့် ကျပ် ခုနစ်သိန်းတန်ဖိုးရှိ ဆီ၊ ဆား၊ ဟင်းချိုမှုန့်၊ ဟင်းသီးဟင်းရွက်များကို ကူညီထောက်ပံ့ပေး ခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
