မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၈၂)လမ်းမကြီးပေါ်၌ သက်တမ်းရင့် ကုက္ကိုလ်ပင်ကြီး လဲကျကာ လျှပ်စစ်မီးတိုင်နှင့် ခွေးဘီလူးကား (၁)စီးပေါ် ပိမိမှုဖြစ်ပွားခဲ့ရာ နယ်မြေခံ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ သွားရောက်ရှင်းလင်းပေးခဲ့ရကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ (၂၀)ရက်၊ ည(၇)နာရီခွဲအချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ တမ္မဝတီရပ်ကွက်၊ မြို့ဟောင်းဈေးလမ်းဆုံနှင့် စလေဘုန်းတော်ကြီးသင် စာသင်ကျောင်းကြား (၈၂) လမ်းမကြီးပေါ်၌ သက်တမ်းရင့် ကုက္ကိုလ်ပင်ကြီးမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လဲကျခဲ့ရကြောင်း သိရသည်။
အဆိုပါ သက်တမ်းရင့် ကုက္ကိုလ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းအရ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် ကယ်ဆယ်ရေး အဖွဲ့များ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ချမ်းမြသာစည်ရုံး)မှ ကယ်ဆယ်ရေးအဖွဲ့ဝင်များ သွားရောက်ပူးပေါင်း၍ လမ်းပိတ်ဆို့မှု မရှိစေရေးနှင့် ထပ်မံ အန္တရာယ်မဖြစ်စေရေးရှင်းလင်း ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိသော်လည်း လျှပ်စစ်မီးတိုင်အချို့နှင့် ခွေးဘီးလူးကားတစ်စီး ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
