ရန်ကုန် – ပုသိမ်လမ်းမကြီးတွင် ပုသိမ်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်တစ်စီး လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းအပါအဝင် ခရီးသည်အချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံများနှင့် နယ်မြေခံ လူမှုကူညီကယ်ဆယ်ရေး အသင်းတို့ထံမှ သိရသည်။
ယနေ့ အောက်တိုဘာ (၂၁) ရက် နံနက်ပိုင်းပိုင်းက ရန်ကုန်-ပုသိမ်လမ်းမကြီး၊ ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ကံထူးအောင် ခရီးသည်တင်ယာဉ်မှာ ပန်တိုင်နှင့် မဲဇလီကျေးရွာကြားတွင် လမ်းချော် တိမ်းမှောက်ပြီး လမ်းဘေးသို့ ထိုးကျခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းနှင့် ဒေသခံများမှ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိမ်းမှောက်ခဲ့သည့် ခရီးသည်တင်ယာဉ်ပေါ်တွင် ခရီးသည် (၄၀)ဦးခန့် လိုက်ပါလာပြီး ဖြစ်စဉ်ကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်တို့ အပါအဝင် ခရီးသည်အချို့ မစိုးရိမ် ရ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
