မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ရန်ကုန်မြို့ခံအချို့၏ ပြောကြားချက်အရ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၂၀)ရက် ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့မနက်ပိုင်းတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“မြောက်ဒဂုံဘက်မှာဆို ကားလမ်းပေါ်တောင် ရေရောက်တယ်၊ မိုးထပ်ရွာရင် ရေကျမှာမဟုတ်ဘူး” ဟု နံနက်ပိုင်းက မြောက်ဒဂုံဘက်ကို သွားရောက်ခဲ့သည့် အမျိုးသားတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။
အလားတူ ရွှေပြည်သာ ၊ အင်းစိန်၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ တောင်ဥက္ကလာ၊ တာမွေ၊ သင်္ဃန်းကျွန်း၊ လှိုင် အစရှိသည့် မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်ဟု အဆိုပါ မြို့နယ်များတွင် နေထိုင်သူများထံမှ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမူ ဘင်္ဂလားပင်လယ်အော်အတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်သောကြောင့် အောက်တိုဘာ (၂၄)ရက်အထိ တိုင်းနှင့် ပြည်နယ် (၁၂)ခုတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
ထို့ပြင် အဆိုပါ ဒေသများရှိ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးများလည်း ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလမှ သတိပေးနှိုးဆော်အပ်ထားသည်။






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
