မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ စလင်း ရေလှောင်တမံ ရေပိုလွှဲမှ (ဝ.၃၀) ပေ ရေကျော် စီးဆင်းလျက်ရှိသော်လည်း တမံ၏ ဆက်စပ်အဆောက်အဦများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
စလင်းမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုများနှင့် အောက်တိုဘာ(၂၀)ရက် ညဦးပိုင်း မိုးရွာသွန်းခဲ့မှုများကြောင့် တမံအတွင်း ရေဝင်ရောက်မှု တိုးလာကြောင်း သိရသည်။
ထိုသို့ ရေဝင်ရောက်မှုတိုးလာသည်ကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ယနေ့ အောက်တိုဘာ(၂၁)ရက် နံနက် (၆) နာရီ ရေအမှတ်တိုင်းထွာချက်များအရ ရေပြည့် အမှတ်ထက် (ဝ.၃၀)ပေ ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
စလင်းမြို့နယ် ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၇၆ ဝ.၀၀) ပေဖြစ်ပြီး လက်ရှိတမံရေ အမှတ်မှာ (၇၆၀.၃၀)ပေရှိသည့်အတွက် ရေပိုလွှဲမှ (ဝ.၃၀) ပေ ရေကျော်ကျလျက်ရှိပြီး တမံ၏ ဆက်စပ် အဆောက်အဦများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် မစိုးရိမ်ရကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ထို့ပြင် တမံအောက်ပိုင်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး စလင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက နေ့ညမပြတ် ရေကင်းတာဝန်များ ချထား၍ အချိန်နှင့် တပြေးညီ အသိပေးနှိုးဆော်လျက်ရှိကြောင်းလည်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
