(၁၂)ကြိမ်မြောက် မျက်စိအလင်းအလှူတော်အဖြစ် သီတဂူကေတုမတီအာယုဒါနဆေးရုံတော် (တောင်ငူ)တွင် နီပေါနိုင်ငံ Dr Bidya Pant ဦးဆောင်သော ဆရာဝန်များအဖွဲ့က မျက်စိဝေဒနာရှင်များအတွက် ကုသိုလ်ဖြစ် (အခမဲ့) စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီတဂူကေတုမတီ အာယုဒါနဆေးရုံတော် (တောင်ငူ)တွင် ရွှေရတုတိပိဋကဆရာတော်နှင့် တပည့်ဒါယကာ ဒါယိကာမများ၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်(တောင်ငူ) ကျောင်းအုပ်ဆရာတော်နှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က မျက်စိဝေဒနာရှင်များအတွက် အောက်တိုဘာ(၂၀)ရက်မှ အောက်တိုဘာ (၂၉)ရက် အထိ ကုသိုလ်ဖြစ် (အခမဲ့) စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ကုသပေးရာတွင် တစ်ရက်တာအတွက် သတ်မှတ်ထားသော စမ်းသပ်စစ်ဆေး လူနာစာရင်းအရေအတွက် ပြည့်သွားလျှင် စာအုပ်လုပ်ပြီး နောက်နေ့မှသာ ပြန်လည်စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပြီး မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအားလုံး စောင်၊ ခေါင်းအုံးစသည့် အသုံးအဆောင်များကို မိမိတို့နှင့် တစ်ပါတည်းယူဆောင်လာရန် ကြိုတင်အသိပေးထားကြောင်း သိရသည်။
ကုသပေးမည့် ဆရာဝန်များမှာ နီပေါနိုင်ငံ Dr Bidya Pant ဦးဆောင်သော ရွှေရတုတိပိဋက စက္ခုပါလမျက်စိဆေးရုံ (ထီးဆောင်း)မှ မျက်စိဆရာဝန်များက အောက်တိုဘာ (၂၀) ရက်မှ အောက်တိုဘာ (၂၉)ရက် အထိ လူနာစာရင်းယူခြင်း စစ်ဆေးခြင်းတို့ ပြုလုပ်၍ ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။
ထို့ကြောင့် မည်သည့် မျက်စိဝေဒနာရှင်မဆို လာရောက်ကုသနိုင်ပြီး စက္ခုဒါနပဒေသာပင် အလှူတော်ကိုလည်းပဒေသာပင်တစ်ပင်အတွက် သုံးသောင်းကျပ်ဖြင့် တစ်ဦးခြင်းဖြစ်စေ အစုအဖွဲ့ဖြင့်ဖြစ်စေ မိမိတို့ စိတ်ဆန္ဒရှိသရွေ့ အရှင်သြဘာသ 09797458932 (Kpay)၊ အရှင်ကဝိနန္ဒ 09685550514 (Kpay)သို့ အားပါးတရ လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
