လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က နောက်ခံလူ အလက်ဇန္ဒာအာနိုးလ် အနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အပြောင်းအရွှေ့သတင်းများကြောင့် စိတ်အနှောင့်အယှက်မဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
အင်္ဂလန်လက်ရွေးစင် ညာနောက်ခံလူ အာနိုးလ် (၂၆ နှစ်) နှင့် လီဗာပူးလ်အသင်း၏ စာချုပ်မှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရီးယဲလ်အသင်း ညာနောက်ခံလူ ကာဗာဟယ်လ်မှာ ဒူးအရွတ် (ACL) ထိခိုက်မှုကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိနေသဖြင့် ဇန်နဝါရီအပြောင်းအရွှေ့မှာပင် အာနိုးလ်ကို ကြိုးပမ်းဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
သို့သော် ဆလော့က "ခင်ဗျားက ကျွန်တော့်ကစားသမားတွေကို လျှော့တွက်တာလို့ ထင်တယ်။ ဒီကစားသမားတွေက စာချုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နေ့စဉ်နဲ့အမျှ ထိပ်တန်းကလပ်တွေနဲ့ ချိတ်ဆက်ခံနေရတာပါ။ အဲဒါတွေကြောင့် သူတို့စိတ်အနှောင့် အယှက်ဖြစ်တယ်လို့ ထင်နေရင် ခင်ဗျားက သူတို့ရဲ့စိတ်ဓာတ်ပိုင်း ဘယ်လောက်သန်မာလဲဆိုတာကို မဆုံးဖြတ်သင့်ဘူး။ ဒါက ကျွန်တော်တို့အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခု၊ ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကိုယ်လုပ်စရာရှိတာကိုပဲ အာရုံစိုက်ရမှာပါ။ ခင်ဗျားက အသက် ၁၇၊ ၁၈ လောက် ဆိုရင်တော့ ဒါကခက်ခဲမှာပါ။ ဒါပေမဲ့ ထရန့် က အမှတ်ပေးလိဂ်၊ ချန်ပီယံလိဂ်ဖလားရရှိထားပြီး ဗာဂျီလ် (ဗန်ဒိုက်) နဲ့ မို (ဆာလာ) လည်း အတူတူပါပဲ။ အဲဒါက သူတို့ပုံစံကောင်းပြနိုင်ဖို့ ပြဿနာတစ်ခုလို့ ကျွန်တော်မထင်ဘူး" ဟု တုံ့ပြန်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
