ဘာစီလိုနာအသင်းသည် လာမည့် ၂၀၂၅ နွေရာသီတွင် မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူရန်ပြင်ဆင်နေပြီး ၎င်းကိုမခေါ် နိုင်ပါက လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်နှင့် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်တို့ထဲမှ တစ်ဦးဦးကို အစားထိုးခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် အသင်းဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး(၃၆ နှစ်)၏ နေရာတွင် အစားထိုးရန်အတွက် လာမည့်နွေတွင် နာမည်ကြီးတိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဟာလန်းကို ခေါ်ယူလိုနေခြင်းဖြစ်သည်။
သို့သော် ဟာလန်း အနေဖြင့် မန်စီးတီးအသင်းတွင် အဆင်ပြေနေသည့်အတွက် ခေါ်ယူရန်ခက်ခဲနိုင်သဖြင့် ဒါဝင်နူးနက်ဇ်နှင့် အီဆက်ခ်တို့ကိုပါ ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
အီဆက်ခ်သည် နယူးကာဆယ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေပြီး ဒါဝင်နူးနက်ဇ်မှာမူ လီဗာပူးလ်အသင်းတွင် နေရာရရန် ရုန်းကန်နေရသည်။ ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် အီဆက်ခ်ထက် ဒါဝင်နူးနက်ဇ်ကို ကြိုးပမ်းခြင်းက ပိုလွယ်မည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
