Top News

အင်္ဂလန်အသင်းနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်လျှင် သောမတ်စ်တူဟယ်လ် အပိုဆုကြေးပေါင်(၃)သန်းရရှိမည်
24htopnews | October 21, 2024 3:12 PM CST

 

အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြသစ် သောမတ်စ်တူဟယ်လ် သည် အင်္ဂလန်အသင်းနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်လျှင် အပိုဆုကြေးပေါင်(၃)သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဂျာမန်နည်းပြ သောမတ်စ်တူဟယ်လ်(၅၁ နှစ်)သည် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ၂၀၂၅ ဇန်နဝါရီ(၁)ရက်တွင် စတင်တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး စာချုပ်သက်တမ်းမှာ (၁၈)လဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် သောမတ်စ်တူဟယ်လ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရည်ရွယ်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပါက အပိုဆုကြေး ပေါင်(၃)သန်းပေးအပ်မည့် သဘောတူညီမှု ပါဝင်ကြောင်း သိရသည်။ 

FA သည် နည်းပြဟောင်း ဆောက်ဂိတ် ကိုင်တွယ်စဉ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ခဲ့ပါက အပိုဆုကြေးပေါင်(၄)သန်းပေးအပ်ရန် စီစဉ်ခဲ့သောကြောင့် တူဟယ်လ်ကို ပေးအပ်မည့် အပိုဆုကြေးမှာ ဆောက်ဂိတ်ထက် နည်းပါးခဲ့ကြောင်းလည်း The Sun က ဖော်ပြခဲ့သည်။ 

သို့သော် FA သည် ဆောက်ဂိတ်ကို လစာအဖြစ် တစ်နှစ်ပေါင်(၂.၅)သန်းသာပေးအပ်ခဲ့ပြီး တူဟယ်လ်ကိုမူ တစ်နှစ်ပေါင်(၅) သန်းပေးအပ်မည်ဖြစ်သည့်အတွက် နှစ်ဆများပြားသည့် ပမာဏဖြစ်ကြောင်း The Sun က ဖော်ပြခဲ့သည်။


READ NEXT
Cancel OK