Top News

Ballon d'Or ဆုကို မိမိရယူနိုင်စွမ်းရှိသည်ဟု ထင်မြင်ကြောင်း ပါလ်မာ ပြောကြား
24htopnews | October 21, 2024 5:12 PM CST

ချယ်လ်ဆီးအသင်း၏ တိုက်စစ်ကစားသမား ပါလ်မာက မိမိအနေဖြင့် Ballon d'Or ဆုကို ရယူနိုင်စွမ်းရှိသည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။

ပါလ်မာ(၂၂ နှစ်)သည် လက်ရှိအချိန်၌ ချယ်လ်ဆီးအသင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတွင် ခြေစွမ်းပြနေသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီအတွက် အင်္ဂလန်အကောင်းဆုံးကစားသမားဆုအပါအဝင် တစ်ဦးချင်းအကောင်းဆုံးဆုတံဆိပ်များစွာ ရယူနိုင်ခဲ့သည်။

ထို့ကြောင့် ၂၀၂၄ အတွက် Ballon d'Or ဆုဆန်ခါတင်စာရင်းတွင်လည်း ပါဝင်ခဲ့သည်။

၎င်းက ''ကစားသမားဘဝ အစောပိုင်းအချိန်ကာလမှာ အခုလိုရွေးချယ်ခံရတာ ကြီးမားတဲ့ဂုဏ်ပြုမှုပါပဲ။ ပြင်းပြင်းထန်ထန်ကြိုးစားသွားမယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဒီဆုကို ရရှိနိုင်တယ်လို့ ထင်ပါတယ်''ဟု ပါလ်မာက ပြောကြားခဲ့သည်။ 

ပါလ်မာ၏ ခြေစွမ်းပြနေမှုကြောင့် မန်စီးတီးအသင်းက ၎င်းကို ပြန်လည်ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်းလည်း သတင်းထွက်နေသည်။


READ NEXT
Cancel OK