ဘာစီလိုနာအသင်း၏ နည်းပြဟောင်း ဇာဗီသည် ကာတာလက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် ဆွေးနွေးနေကြောင်း သိရသည်။
ဇာဗီ(၄၄ နှစ်)သည် နည်းပြဘဝကို ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းတွင် အစပြုခဲ့သူဖြစ်ပြီး (၂)နှစ်ခွဲကာလအတွင်း၌ ဆုဖလား(၇)လုံး ရယူပေးနိုင်ခဲ့သူဖြစ်သည်။
ဇာဗီသည် ဘာစီလိုနာအသင်းကို ၂၀၂၂-၂၃ ရာသီတွင် လာလီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နွေရာသီ၌ လမ်းခွဲခဲ့ရပြီးနောက် ယခုအခါ နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန် နီးစပ်နေပြီဖြစ်ကြောင်း စပိန်မီဒီယာ Sport က ဖော်ပြခဲ့သည်။
လက်ရှိအချိန်၌ ဇာဗီသည် ကာတာနိုင်ငံ၊ ဒိုဟာမြို့သို့ ရောက်ရှိနေပြီး ကာတာလက်ရွေးစင်အသင်းကို ကိုင်တွယ်ရန်အတွက် ကာတာဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်းလည်း Sport က ဖော်ပြခဲ့သည်။
ကာတာဘောလုံးအဖွဲ့ချုပ်က လက်ရှိနည်းပြ တင်တင်မားကွက်ဇ်နေရာ၌ ဇာဗီကို အစားထိုးခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
