Top News

ဆော်ဒီလက်ရွေးစင်နည်းပြရာထူးမှ ထုတ်ပယ်ခံရရန် မန်စီနီ နီးစပ်နေ
24htopnews | October 21, 2024 5:12 PM CST

အီတလီနည်းပြ မန်စီနီသည် ဆော်ဒီလက်ရွေးစင်အသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံရရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

အီတလီလက်ရွေးစင်အသင်းကို ယူရို -၂၀၂၀ ချန်ပီယံဆုရယူပေးနိုင်ခဲ့သည့် မန်စီနီသည် ၂၀၂၃ ခုနှစ်တွင် ဆော်ဒီအသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရန် ဖြစ်နိုင်ခြေနည်းပါးနေသည့်အတွက် ဆော်ဒီတာဝန်ရှိသူများက ၎င်းကို ရာထူးမှထုတ်ပယ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ဆော်ဒီပရိသတ်များကလည်း မန်စီနီအား ရာထူးမှထုတ်ပယ်ရန် တောင်းဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဆော်ဒီဘောလုံးအဖွဲ့ချုပ်သည် မန်စီနီနေရာ အစားထိုးရန် နည်းပြကိုပင် ရှာဖွေထားပြီဖြစ်ပြီး နိုဝင်ဘာလနိုင်ငံတကာပွဲစဉ်များမတိုင်မီ နည်းပြအပြောင်းအလဲပြုလုပ်ဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။


READ NEXT
Cancel OK