အာဆင်နယ်အသင်း၏ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က မိမိတို့အသင်းအနေဖြင့် အနီကတ်များကို ရပ်တန့်ပစ်နိုင်ရန် လိုအပ်နေပြီဟု ဝန်ခံပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ဘုန်းမောက်နှင့်ပွဲတွင် ပြင်သစ်နောက်ခံလူ ဆာလီဘာ အနီကတ်ပြသခံခဲ့ရသည့်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲ ယှဉ်ပြိုင်ကစားအပြီးမှာပင် အနီကတ်ပြသခံရသူ (၃)ဦးရှိခဲ့ပြီး လက်ရှိအချိန်၌ အနီကတ်အများဆုံး ပြသခံရသည့်အသင်းအဖြစ် ရပ်တည်နေသည်။
အာဆင်နယ်အသင်းသည် ဘရိုက်တန်နှင့် (၁-၁)ဂိုးဖြင့် သရေကျသည့်ပွဲတွင် ဒက်ကလန်ရိုက်စ် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသလို၊ မန်စီးတီးနှင့် (၂-၂) ဂိုးဖြင့် သရေကျခဲ့သည့်ပွဲတွင် ထရိုဆက်ဒ် နှစ်ဝါတစ်နီ ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး ဘုန်းမောက်ကို (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲ၌ ဆာလီဘာ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် အနီကတ် ပြသခံရခြင်းမရှိသည့် (၅)ပွဲစလုံးတွင် နိုင်ပွဲရရှိခဲ့ပြီး အနီကတ်ပြသခံရသည့်(၃)ပွဲ၌ (၂)ပွဲသရေ၊ (၁)ပွဲရှုံးကာ (၂) မှတ်သာရယူနိုင်ခဲ့သည့်အတွက် အနီကတ်ပြစ်ဒဏ်ကြောင့် အာဆင်နယ်အသင်း ဆုံးရှုံးခဲ့ရသည့် ရမှတ်မှာ (၇)မှတ်အထိရှိခဲ့ကြောင်း ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြသည်။
ကိုယ်တိုင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသူဖြစ်သည့် ဒက်ကလန်ရိုက်စ်ကလည်း ဘုန်းမောက်နှင့်ပွဲအပြီးတွင် ''ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင်လုပ်ခဲ့တာ (၈)ပွဲမှာ (၃)ပွဲရှိခဲ့ပါတယ်။ ဘရိုက်တန် နဲ့အိမ်ကွင်း၊ မန်စီးတီးနဲ့ အဝေးကွင်းတွေမှာ အနိုင်ရလဒ်တွေ ဆုံးရှုံးခဲ့ရသလို၊ ဘုန်းမောက်ကိုလည်း အရှုံးပေးခဲ့ရပါတယ်။ (၁၀)ယောက်တည်းနဲ့ တိုက်ပွဲဝင်နိုင်ခဲ့တဲ့ ကစားသမားတွေအတွက် ဂုဏ်ယူမိပေမဲ့ ဒါဟာ နုံအလို့ ဖြစ်ရတာပါ။ ကျွန်တော်တို့ မိုက်မဲတဲ့ အမှားအယွင်းတွေ မလုပ်မိအောင် ရပ်တန့်ပစ်နိုင်ဖို့ လိုအပ်နေပါပြီ။ နိုင်ပွဲတွေ ရရှိဖို့ဆိုရင် မိနစ်(၉၀)အပြည့် ကစားသမား(၁၁)ဦးနဲ့ ယှဉ်ပြိုင်ကစားနိုင်ဖိို့ လိုအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
