ရိုးမားအသင်း၏ နာမည်ကျော် ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်သူ နိုင်ဂိုလန်က နည်းပြဟောင်းဖြစ်သူ ဒီရော့ဆီအား ထုတ်ပယ်ခဲ့ခြင်းမှာ ရိုးမားအသင်းတာဝန်ရှိသူများ၏ ရူးမိုက်သောလုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ခဲ့ပြီး ဒီရော့ဆီမှာ ရိုးမားအတွက် မော်ရင်ဟိုထက်ပိုကောင်းအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်ဟု ပြောကြားခဲ့သည်။
အသက် (၃၆)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်ကွင်းလယ်လူဟောင်းဖြစ်သူ နိုင်ဂိုလန်သည် ရိုးမားအသင်းတွင် ၂၀၁၃-၁၄ ရာသီ (အငှား) မှ ၂၀၁၇-၁၈ ရာသီအထိ (၅)ရာသီကြာ ကစားခဲ့သူဖြစ်ပြီး အသင်းအတွက်ပြိုင်ပွဲစုံ (၂၀၃)ပွဲကစားရာတွင် (၃၃) ဂိုးသွင်းယူကာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။
နိုင်ဂိုလန်သည် ရိုးမားအသင်းတွင်ကစားသည့် ကာလတစ်လျှောက် ဒီရော့ဆီနှင့်တွဲဖက်ကာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး၊ ၎င်း၏စီနီယာနှင့် အသင်းဖော်ကစားသမားဟောင်းအပေါ် ယခုကဲ့သို့ ကာကွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ဂိုလန်က ''ဒန်နီယဲလ်ဒီရော့ဆီကို ထုတ်ပယ်ခဲ့တာက ရိုးမားတာဝန်ရှိသူတွေရဲ့ ရူးမိုက်တဲ့လုပ်ရပ်ပါ။ သူ (ဒီရော့ဆီ)ဟာ ရိုးမားအသင်းအတွက် မော်ရင်ဟိုထက် ပိုကောင်းခဲ့သလို၊ ပိုလည်းလုပ်ပြနိုင်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ တော့တီနဲ့ ဒီရော့ဆီတို့ဟာ တကယ်ကိုစံပြုထိုက်သူတွေပါပဲ'' ဟုပြောကြားခဲ့သည်။
ထို့ပြင် နိုင်ဂိုလန်က အင်တာမီလန်အသင်းမှာ လက်ရှိစီးရီးအေပြိုင်ပွဲ၏ အကောင်းဆုံးအသင်းဖြစ်ပြီး၊ တိုနယ်လီ နှင့် ဘာရယ်လာတို့မှာ လက်ရှိအီတလီဘောလုံးလောက၏ အကောင်းဆုံးကစားသမားနှစ်ဦးဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။
နိုင်ဂိုလန်သည် ရိုးမားအသင်းအပြင် ကာဂလီယာရီနှင့် အင်တာမီလန်အသင်းများတွင်လည်း ကစားခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
