ဗီလာရီးယဲလ်အသင်း၏ စပိန်ဝါရင့်ကွင်းလယ်လူ ပယ်ရေဟိုသည် ဂီတာဖေးအသင်းနှင့်ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီးနောက် ကစားသမားဘဝ လာလီဂါ ပွဲ (၅၀၀)ပြည့်မြောက်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ယင်းပွဲမှတ်တမ်းကို ပိုင်ဆိုင်နိုင်သည့် (၁၅)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။
အသက် (၃၅)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ပယ်ရေဟိုသည် ရီးယဲလ်မက်ဒရစ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး အသက် (၁၉)နှစ်အရွယ် ၂၀၀၈ ခုနှစ်တွင် ရီးယဲလ်အသင်းနှင့်အတူ ကစားသမားဘဝ ပထမဆုံးလာလီဂါပွဲစဉ်ကို ကစားခဲ့ပြီး (၁၆)ရာသီအကြာတွင် ပွဲ (၅၀၀) ပြည့်မှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။
ပယ်ရေဟိုသည် လာလီဂါပွဲ (၅၀၀)ကို ဗလင်စီယာ (၂၈၂ ပွဲ)၊ ဗီလာရီးယဲလ် (၁၄၉ ပွဲ)၊ ဂီတာဖေး (၆၄ ပွဲ)၊ ရီးယဲလ်မက်ဒရစ် (၅ ပွဲ)တို့နှင့် ကစားခဲ့ခြင်းဖြစ်ပြီး (၇၅) ဂိုးသွင်းယူနိုင်ခဲ့ကြောင်းသိရသည်။
လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက်ပွဲအများဆုံးကစားထားသူမှာ စပိန်ဂန္ထဝင်ဂိုးသမား ဇူဘီဇာရက်တာဖြစ်ပြီး (၁၈)ရာသီအတွင်း (၆၂၂)ပွဲအထိကစားကာ စံချိန်တင်ထားခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
