အာဆင်နယ်နည်းပြ အာတီတာက ဘုန်းမောက်နှင့်ပွဲတွင် အနီကတ်ပြသခံခဲ့ရသည့် နောက်ခံလူ ဆာလီဘာ၏ အနီကတ်ပြစ်ဒဏ်အတွက် အယူခံဝင်မည်မဟုတ်ဟု အတည်ပြုပြောကြားခဲ့သည်။
ဆာလီဘာသည် အဆိုပါအနီကတ်ပြစ်ဒဏ်ကြောင့် လာမည့်ရက်သတ္တပတ်တွင် ယှဉ်ပြိုင်ရမည့် လီဗာပူးလ်နှင့်ပွဲကို လွဲချော်မည်ဖြစ်သည်။
ဆာလီဘာသည် ကစားသမားဘဝတစ်လျှောက် ပထမဆုံးအနီကတ် ပြသခံရခြင်းဖြစ်ပြီး ပြိုင်ဘက်အသင်း၏ ဂိုးရရှိနိုင်သည့်အခွင့်အရေးကို တားဆီးခဲ့ခြင်းကြောင့် ပြသခံရသည့်အနီကတ်ဖြစ်သည့်အတွက် နှစ်ဝါတစ်နီ ပြစ်ဒဏ်နည်းတူ တစ်ပွဲပယ်ပြစ်ဒဏ်သာ ကျခံသွားရမည်ဖြစ်ကြောင်း သိရသည်။
အာတီတာက ''ဆုံးဖြတ်ချက်က ချပြီးသွားပြီဖြစ်တာကြောင့် အယူခံမဝင်တော့ပါဘူး'' ဟု အာတီတာက ပြောကြားခဲ့သည်။
ဆာလီဘာသည် အာဆင်နယ်ကစားသမားဘဝ (၉၃)ပွဲမြောက်တွင် ပထမဆုံးအနီကတ် ပြသခံခဲ့ရခြင်းဖြစ်သလို၊ ထိပ်သီးလိဂ်များတွင် ယှဉ်ပြိုင်ကစားမှု (၁၅၇)ပွဲမြောက်တွင် ပထမဆုံးအနီကတ်ပြသခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
