မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ မြို့နယ်အချို့တွင် ရေကြီးရေလျံမှုများ ဖြစ်ပွားနေကြောင်း ရန်ကုန်မြို့ခံအချို့က ပြောကြားသည်။
အောက်တိုဘာ ၂၀ ရက် ညပိုင်းမှစတင်ကာ မိုးရွာသွန်းခဲ့ပြီး အောက်တိုဘာ ၂၁ ရက်နံနက်အထိ ရန်ကုန်မြို့ရှိ နေရာအချို့တွင် မိုးရွာသွန်းခြင်းများရှိနေကြောင်း၊ တညလုံးနီးပါး ရွာသွန်းခဲ့သည့် မိုး ကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
" မိုးက တညလုံးရွာတယ်။ ဒီမနက်နေတောင် ကောင်းကောင်း မပွင့်ဘူး။ မိုးကတော်တော်ရွာလိုက်တော့ အိမ်တွေထဲ ရေတွေရောက်ကုန်တယ်" ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။
ရေမြောင်းများ မကောင်းသဖြင့် မိုးဆက်လက်ရွာသွန်းနေပါက ရေများပြန်လည်ကျဆင်းရန် ကြာမြင့်နိုင်သည်ဟု ၎င်းကဆက်လက် ပြောကြားသည်။
အလားတူ သာကေတ၊ ဒေါပုံ၊ မဂ်လာဒုံ၊ လှိုင်သာယာ၊ တာမွေ၊ သက်န်းကျွန်း၊ လှိုင် အစရှိသည့် မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်ဟု အဆိုပါ မြို့နယ်များတွင် နေထိုင်သူအချို့၏ ပြောကြားချက်များအရ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ အောက်တိုဘာ ၂၁ ရက် နံနက် ၅ နာရီခွဲ တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာနိုင်ကာ နောက် (၆)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ အောက်တိုဘာ ၂၂ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ ၂၃ ရက်တွင် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်ဟု ဖော်ပြထား သည်။
အဆိုပါ လေဖိအားနည်းဆဲလ်နှင့် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် အောက်တိုဘာ ၂၁ ရက်မှ၂၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်မိုးကြီးခြင်း၊ နေရာ ကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက ခန့်မှန်း ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
