စားသုံးသူလက်လီဈေးကွက်အတွင်း ရောင်းချရန် သတ်မှတ်ပေးထားသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် လေးပတ်ဆက်တိုက်ကျဆင်းလာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအရ သိရသည်။
ယခုတစ်ပါတ်တွင် စားအုန်းဆီတစ်ပိဿာကို (၆၂၆၅) ကျပ်ဖြင့် ရောင်းချရန်သတ်မှတ်ထားပြီး ယခင်တစ်ပါတ်တွင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ (၆၃၅၅) ကျပ်ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဈေးကွက်အတွင်း ဝယ်ယူရခက်ခဲနေသည့် စားအုန်းဆီကို သမဝါယမစာအုပ်ဖြင့် မြို့နယ်အချို့တွင် ရောင်းချပေးမှုကြောင့် ဝယ်ယူသုံးစွဲသူများ အဆင်ပြေကြောင်းလည်း သိရသည်။
” အခုကစာအုပ်နဲ့ ဝယ်တာဆိုတော့ အဆင်ပြေတယ်။ ကိုယ်တွေရပ်ကွက်အလှည့်ရောက်ရင် စာအုပ်ပြဝယ်ယုံပဲ။ မရတာထက်စာရင် ဒီလိုကအဆင်ပြေတယ်။ မဟုတ်ရင် ဆီဝယ်ဖို့အတွက် အစောကြီးထတန်းစီရတာ အလုပ်တစ်လုပ်။ အခုတော့ အဆင်ပြေနေပါပြီ” ဟု တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်ရှင်မတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်မှ အောက်တိုဘာလ (၂၇)ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ ကျပ် (၆၂၆၅) ဖြင့်ရောင်းချရမည်ဟု ထုတ်ပြန်ကြေညာထားသည်။
စားအုန်းဆီများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
